အဆိပ်သင့်ဝန်းကျင်ထဲက ရုန်းမထွက်နိုင်သေးဘဲနဲ့ သင့်ကိုယ်သင်ချစ်တယ်လို့ မပြောပါနဲ့။

သင့်ဘဝထဲက တစ်စုံတစ်ယောက်ကြောင့် နာကျင်ခံစားနေရလား။ သူနဲ့အတူရှိနေချိန်တိုင်း မပျော်ရွှင် တော့တာလည်း သေချာနေပြီဆိုပေမဲ့၊ အကြောင်းကြောင်းတွေကြောင့် နေမြဲအတိုင်းဆက်နေနေခံစားနေမိတုန်း လား။ အချိန်တန်ရင် အချိန်က ဆုံးဖြတ်ချက်ချပေးသွားလိမ့်မယ်ဆိုပြီး မသေချာတဲ့အချိန်ကိုစောင့်ရင်း သင့်ဘဝ ကို ဆက်လက်အဆိပ်သင့်ခံနေတုန်းလား။

တကယ်တော့ ပတ်သက်မှုတစ်ခုတိုင်းမှာ ဘက်နှစ်ဘက်ရှိပါတယ်။ သင့်ကို နာကျင်စေသူနဲ့ မတော်တ ဆဆုံတွေ့ခဲ့တာဟာ သင့်အပြစ်မဟုတ်ပါဘူး။ လူတိုင်းဟာ ကောင်းတာတွေနဲ့ချည်း ပတ်သက်ချင်ကြပါတယ်။ ဒါကြောင့် တမင်ရည်ရွယ်ပတ်သက်ခဲ့တာမဟုတ်ခြင်းအတွက် သင့်ကိုယ်သင်အပြစ်မတင်လိုက်ပါနဲ့။ ဒါပေမဲ့ သူ က သင့်အတွက် အဆိပ်သင့်စေသူလို့သိသိကြီးနဲ့ ဇွတ်တိုးနေမယ်ဆိုရင်တော့ ဒါက သင့်ကိုယ်သင် မညှာတာရာ ရောက်သွားပါပြီ။ သူ့ဘက်က သင့်အပေါ် တန်ဖိုးမထားမှုကို ရွေးချယ်ထားသလို သင့်အနေနဲ့လည်း တန်ဖိုးထား မခံရတဲ့ ဘဝထဲကနေ ရုန်းထွက်ပိုင်ခွင့်ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။ 

သင့်အတွက် အဆင်မပြေတာလည်း သိတယ်။

သင်မပျော်တော့တာလည်း သိတယ်။

သင်ပင်ပန်းနေပြီဆိုတာလည်း သိတယ်။

သင်မသိတာက အဲ့ဒီအခြေအနေမှာ တစ်ဖက်ကိုပဲကြည့်ပြီး ဆက်နေနေတာဟာ သင့်ကိုယ်သင်မချစ် ရာကျတယ်ဆိုတာပါ။

ဒါကြောင့် သင့်ကိုယ်သင်ချစ်တယ်ဆိုရင် သင့်ကိုအဆိပ်သင့်စေတဲ့ဝန်းကျင်ထဲက ရုန်းထွက်နိုင်ပြီလား ဆိုတာ သင့်ကိုယ်သင်အရင်မေးလိုက်ပါ။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။