နံနက်ခင်း အိပ်ယာကနေ နိုးထလာတဲ့အချိန်မှာ ရေရွတ်ဖို့အတွက် စကားလုံးများ

ဒီနေ့ဟာလည်း ငါ့အတွက် ကောင်းသောနေ့သစ်ပါပဲ။  နံနက်ခင်းနေရောင်ခြည်လေးကလည်း ဘယ်လောက်တောင် သာယာလိုက်သလဲ။

ဒီနေ့ကတော့ အံ့အားသင့်စရာကောင်းတဲ့ အဖြစ်အပျက်ကောင်းလေးတွေ ငါ့ဘဝထဲ ရောက်လာတော့မယ်။

ကံကောင်းခြင်းတွေ ဒီနေ့မှာလည်း ရောက်ရှိလာတော့မယ်။

ဒီနေ့တစ်နေ့တာကိုလည်း ကောင်းမွန်တဲ့အတွေးတွေနဲ့ ငါပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်။ ဒီနေ့လည်း နေကောင်းကျန်းမာပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ငါ့ရဲ့ ကိုယ်ခန္ဓာကိုလည်း ကျေးဇူးတင်တယ်။

ငါက အံ့သြစရာအရမ်းကောင်းတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် ဘာမဆိုအောင်မြင်ကျော်ဖြတ်နိုင်ရမယ်။

ငါက လောကဓံကြီးကို ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်တဲ့သူမို့လို့ ဘဝကပေးလာတဲ့ အခွင့်အရေးတွေက ငါ့နံဘေးပတ်လည်မှာ အများကြီးပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ငါ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် ခြေလှမ်းတွေက တစ်လှမ်းပြီးတစ်လှမ်းလျှောက်လာတာ ခုဆို တော်တော်နီးကပ်နေပြီ။ ပန်းတိုင်ရောက်ဖို့ ပြင်းပြတဲ့စိတ်နဲ့ ဇွဲ၊လုံ့လ၊ ဝီရိယထည့်ပြီး ငါကြိုးစားနေတယ်။

ငါ့အိပ်မက်တွေကို ငါအကောင်အထည်ဖော်မယ်။

ငါ့မှာ အချစ်တွေ၊ ကြင်နာစိတ်တွေနဲ့ သနားကရုဏာစိတ်တွေ ရှိတာမို့လို့ ငါ့ကို ချစ်တဲ့မိသားစုရှိတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။

ငါ့ရဲ့ ဒီတစ်နေ့တာကိုလည်း စိတ်ကို အကောင်းဆုံးထားပြီး ဖြတ်သန်းမယ်။

သင်ကော… သင့်ကိုယ်သင်ပြောဖြစ်တဲ့ စကားလုံးလေးတွေရှိလား။ Comment box မှာ မျှဝေပေးခဲ့ပါဦး။