ကျွန်မဘဝထဲက လူတိုင်းကို ကျေးဇူးတင်ပါတယ်။

blank

ကျွန်မကိုနာကျင်စေခဲ့တဲ့သူကို ကျေးဇူးတင်ပါတယ်။

သူတို့ကြောင့်ပဲ ကျွန်မပိုပြီး သန်စွမ်းလာခဲ့တယ်။

ကျွန်မကို ချစ်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

သူတို့ကြောင့်ပဲ ကျွန်မရဲ့နှလုံးသားက ပိုပြီးပြည့်ဝလာခဲ့တယ်။

ကျွန်မကို ဂရုစိုက်ပေးခဲ့တဲ့သူတွေ၊ အရေးပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

သူတို့ကြောင့်ပဲ မေတ္တာတရားအကြောင်းကို ကျွန်မပိုပြီးနားလည်လာခဲ့တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မကိုထားခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

သူတို့ကြောင့်ပဲ မမြဲခြင်းသဘောတရားတွေကို ကျွန်မပိုပြီး သိလာခဲ့တယ်။

ကျွန်မဘေးမှာ အမြဲတမ်းနေခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။

သူတို့ကြောင့်ပဲ စစ်မှန်တဲ့ ချစ်ခြင်းအကြောင်းကို ကျွန်မပိုပြီး သိလာခဲ့တယ်။

ကျွန်မဘဝထဲကို ဝင်လာခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။

သူတို့တွေကြောင့်ပဲ ဘဝရဲ့ များပြားတဲ့ဘဝသင်ခန်းစာတွေကို ရလာခဲ့တာပဲလေ။