အိပ်ရာစောစောမထနိုင်ဖြစ်နေတတ်သူတွေဖတ်ဖို့

တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင် စာမေးပွဲနောက်ဆုံးနှစ်ကို ကျရှုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို မေးမြန်းကြည့်ပါ။ တစ်လရဲ့ တန်ဖိုးကိုသိချင်ရင် ချစ်ရသူနဲ့ ခွဲနေနေရတဲ့သူကို မေးကြည့်ပါ။ တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင် အွန်လိုင်းမဂ္ဂဇင်းအယ်ဒီတာတစ်ယောက်ကို မေးမြန်းကြည့်ပါ။ တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်တော့ အင်တာဗျူးဖြေဆိုဖို့ နောက်ကျခဲ့တဲ့သူကို မေးကြည့်ပါ။ တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်တော့ ဘတ်စ်ကား၊ လေယာဉ်၊ ရထားနောက်ကျခဲ့တဲ့သူကို မေးမြန်းကြည့်ပါ။ တစ်ခဏတာလေးရဲ့ တန်ဖိုးကို သိရှိချင်ရင်တော့ အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့တဲ့သူကို မေးမြန်းကြည့်ပါ။ ရွှေတံဆိပ်ဆုကို လက်လွှတ်ခဲ့ရတယ်မလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝရဲ့ အောင်မြင်မှုတွေ၊ ဆန္ဒပြည့်ဝမှုတွေ၊ ပျော်ရွှင်မှုတွေကို လျင်မြန်စွာ ရရှိစေနိုင်မယ့်အကျင့်တစ်ခုဟာ အိပ်ရာစောစောထခြင်းပါပဲ။ ကြိုးစားထကြည့်ပါ။ ချက်ချင်းကြီး မနက်ငါးနာရီ ခြောက်နာရီအတွင်း ထဖို့ မလိုအပ်ပါဘူး။ ထနေကျအချိန်ထက် (၁၅) မိနစ်လေးပဲ စောစောထကြည့်လိုက်ပါ။ ထူးခြားမှုတွေကို တွေ့ရှိလာပါလိမ့်မယ်။

အိပ်ရာစောစောထကြည့်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးလေးတွေကို မျှဝေပေးသွားပါဦးနော်။