သင်ကသာ သင့်တိုးတက်မှုအတွက် အဓိကအားကိုးအားထားရာပါ။

blank
သင်ဆိုတာ……….

သာမန်ထက်ထူးခြားပါတယ်။ ဒါကြောင့် ဘယ်သူ့အတွက်ကြောင့်နဲ့မှ သင့်ကိုယ်သင် ပြောင်းလဲမပစ် လိုက်ပါနဲ့။

ကံကြမ္မာဆိုတာ…….

ကြိုတင်သိမြင်မထားနိုင်ပါဘူး။ ဒါပေမဲ့ အသစ်အသစ်တွေကို သင်ယူဖို့ မကြောက်ရွံ့ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝကသင့်ကို တွန်းအားတွေပေးလာခဲ့ရင်……

သင်ကဘဝကို အားပြင်းပြင်းနဲ့  ပြန်တွန်းပစ်ပါ။

ဘဝက ရွေးချယ်ခွင့်တွေပေးလာခဲ့ရင်…….

သင့်ကို နောင်တရမသွားစေမယ့် အရာကိုပဲပြုလုပ်ဖို့ ရွေးချယ်ပါ။

အခက်အခဲအတားအဆီးတွေနဲ့ ကြုံတွေ့ရရင်…..

ဘယ်အရာမှ မတည်မြဲပါဘူး။ ဒါကြောင့် ဖြစ်လာသမျှ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို လက်ခံပြီး ဘဝကို ရှေ့ဆက်လျှောက်လှမ်းပါ။

ဘယ်အကြောင်းနဲ့မှ သင့်ကိုယ်သင်တိုးတက်အောင်လုပ်နေတာကို ရပ်မပစ်လိုက်မိပါစေနဲ့နော်။

သင်ကော တိုးတက်ဖို့အဆင်သင့်ဖြစ်ပြီလား။