“Finding Nemo” ကာတွန်းကားကနေရခဲ့တဲ့ ဘဝသင်ခန်းစာများ

blank

စပ်စုစိန်လေး နီမို (Nemo) ကို ဖခင်ဖြစ်သူကရှာဖွေတဲ့ “Finding Nemo” ဟာ တစ်ကမ္ဘာလုံးက animation film ချစ်သူတွေရဲ့ တစ်ခဲနက်အားပေးခြင်းကိုခံခဲ့ရတဲ့ ကာတွန်းကားလေးတစ်ကားဖြစ်ခဲ့ပါတယ်။ သားဖြစ်သူကိုရှာဖွေဖို့ အန္တရာယ်တွေအားလုံးကို စွန့်စားခဲ့တဲ့ ဖခင်ဖြစ်သူနဲ့အတူ ကြည့်ရှုတွေအားလုံး ရင်ဖိုခဲ့ရသလို ဘဝသင်ခန်းစာလေးတွေလည်း ရရှိခဲ့ပါတယ်။

“Finding Nemo” ကနေ ရခဲ့တဲ့ ဘဝသင်ခန်းစာလေးတွေကတော့….။

၁။ ဘဝမှာ အဆိုးတွေကတော့ ကြုံတွေ့နေရမှာပါပဲ။ အဆိုးတွေကြုံလာတာနဲ့ ကြောက်ရွံ့ပြီး ဘဝကိုပိတ်လှောင်ထားလို့မရပါဘူး။

၂။ မိဘဆိုတာ သားသမီးတွေကို စိုးရိမ်တတ်တာက သဘာဝပါ။ ဒါပေမဲ့ မိမိရဲ့စိုးရိမ်ကြောင့်ကျမှုတွေက သားသမီးတွေရဲ့ တက်လှမ်းတွေကို တားဆီးပိတ်ပင်ထားတာမျိုး မဖြစ်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သူငယ်ချင်းတွေက စိန်ခေါ်မှုတွေပေးတတ်တာက သဘာဝပါ။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ လောင်းကြေးစားကြေးတွေကြောင့် ဘဝအတွက်အန္တရာယ်တွေကို  မဖိတ်ခေါ်သင့်ပါဘူး။

၎။ မိဘတွေဟာ သားသမီးတွေကို ဆူပူကြိမ်းမောင်းလိမ့်မယ်။ ဆိုဆုံးမလိမ့်မယ်။ ဒါပေမဲ့ အရေးကြုံလာတဲ့အခါ သင့်ကိုပစ်ထားမယ့်သူတွေ မဟုတ်ပါဘူး။

၅။ ဘာတွေပဲဖြစ်နေဖြစ်နေ ဘဝကို ဆက်လက်လျှောက်လှမ်းနေပါ။ ကြိုးစားနေပါ။ ဘယ်လိုအန္တရာယ်တွေပဲ ကြုံလာကြုံလာ ဆက်လက်ကူးခတ်နေခဲ့တဲ့ နီမိုလေးလိုပေါ့။

စာချစ်သူတို့ကော… “Finding Nemo”   ကို ကြည့်ပြီးသွားပြီလား။ ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ။