နံနက်ခင်းလေးမှာ စိတ်ကြည်လင် လန်းဆန်းနေဖို့ဆိုရင်

blank

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မြန်မြန်ပြီးစီးပြီး အလုပ်တွင်စေဖို့ နံနက်ခင်း အစမှာကတည်းက ကိုယ်စိတ်နှစ်ဖြာ ကြည်လင်လန်းဆန်းနေဖို့ လိုပါတယ်။ မနက်ခင်းလေးမှာ စိတ်ကြည်လင် လန်းဆန်းနေစေဖို့ ညအိပ်ရာဝင်ခါနီးအချိန်နဲ့ နံနက်ခင်းနိုးထတဲ့ အချိန်အပိုင်းအခြားလေးမှာ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို ဂန္တဝင်က ဝေမျှပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝအိပ်ပါ။

၂။ အိပ်ရာဝင်ခါနီး ကွန်ပျူတာနဲ့ ဖုန်းကြည့်တာမျိုး ရှောင်ကြဉ်ပါ။

၃။ ညအချိန် အိပ်ရာဝင်တဲ့အခါ သက်တောင့်သက်တာဖြစ်ပြီး စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ရာဝင်နိုင်ဖို့ အိပ်ရာနဲ့ အိပ်ခန်းကို သန့်ရှင်း သပ်ရပ်စွာထားပါ။

၎။ မနက်နိုးလာရင် နိုးစက်ပိတ်ပြီး ပြန်မအိပ်ပါနဲ့။

၅။ အိပ်ရာက နိုးရင်ထပါ။ အိပ်ရာထဲမှာပဲ ခွေခေါက်မနေပါနဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ မနက်တိုင်း တူညီတဲ့ အချိန်မှာ နိုးထပါ။

၇။ မနက်ခင်းပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။

၈။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပါ။

၉။ ပိတ်ရက်ကို စောင့်မျှော်မနေဘဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

အသုံးဝင်တယ်ဆိုရင် SHARE ပေးသွားလိုက်ပါနော်။