ငါတော့ ရှုံးနိမ့်တော့မှာပဲလို့ တွေးမိနေပြီဆိုရင်…။

ကျွန်မတို့တွေက တစ်ခုခုလုပ်ခါနီးတိုင်း “မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ၊ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ” လို့ တွေးမိရင်းနဲ့ ဘာကိုမှ မလုပ်ဖြစ်ကြတော့ဘူး။ သင့်မှာ….

– အရည်အချင်းရှိတယ်၊

– အခြေအနေနဲ့ အချိန်အခါကိုလည်း သုံးသပ်နိုင်စွမ်းရှိတယ်၊

– အပတ်တကုပ်ကြိုးစားလိုစိတ် ပြင်းထန်တယ်၊

– မလျှော့သောဇွဲ၊ လုံလနဲ့ အကောင်အထည်ဖော်နိုင်တဲ့အစွမ်းလည်းရှိတယ်ဆိုရင်

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သင်ဖြစ်ချင်နေတာတွေကို အကောင်အထည်မဖော်နိုင်ရမှာလဲ။ ကျရှုံးမှာကို ကြောက်နေလို့လား။ စာတစ်ခုမှာ ဖတ်ဖူးတယ်။ “ငှက်တစ်ကောင်က သစ်ကိုင်းတစ်ခုမှာ နားနေနိုင်တာက သစ်ကိုင်းကျိုးကျနိုင်တယ်ဆိုတာကို မသိလို့မဟုတ်ပါဘူး၊ သစ်ကိုင်းကျိုးကျရင် ဘေးကင်းရာကို ပျံသန်းသွားနိုင်တဲ့ သူ့ အတောင်ပံတွေအပေါ် ယုံကြည်မှုရှိလို့ပါ။” တဲ့။ ဘဝမှာ ကြိုးစားမှုတွေကြား ကျရှုံးပါစေ ရလာမယ့် သင်ခန်းစာတွေက အဆိုးထဲအကောင်း၊ အရှုံးထဲက အမြတ်ပဲမဟုတ်လား။

သင့်မှာ သစ်ကိုင်းနဲ့တူတဲ့ ငွေကြေးဥစ္စာတွေ၊ အလုပ်အကိုင်တွေရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေမရှိတော့ရင်တောင် သင့်ကိုဆက်လက် ရပ်တည်နိုင်စေမှာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အရည်အချင်းတွေပါပဲ။ ငှက်ကလေးရဲ့ အတောင်ပံလိုပေါ့။ ဒါ့ကြောင့် အခုကစပြီး ကျရှုံးမှုကို ဆုံးရှုံးမှုတစ်ခုလို့ တွေးနေတာတွေ ရပ်လိုက်ပါ။ အောက်ဆုံးကို ပြုတ်ကျခဲ့ရင်တောင် “အောက်ဆုံးရောက်နေမှတော့ နောက်ထပ်အောက်ရောက်စရာ မရှိတော့ဘူး” လို့ပြောကြတယ်မဟုတ်လား။