အိမ်အလုပ်တွေ လုပ်ဖို့ ခင်ပွန်းသည်တစ်ဦးတည်းကို လွှတ်ထားမိလိုက်တဲ့အခါ

blank

“မေမေ မေမေ သမီးကို အိမ်စာ ကူစစ်ပေးပါဦး။” မီးဖိုချောင်မှာ ပန်းကန်ဆေးနေတဲ့ ကျွန်မဆီ သမီးလေး အပြေးလာရင်း ပြောလိုက်တယ်။ ဆေးလက်စကို ခဏရပ်ပြီး “သမီး ဖေဖေကို ပြောကြည့်ပါဦး သမီးရဲ့” လို့ ပြန်ပြောတော့ “ပြောကြည့်ပြီးပြီ မေမေ ဖေကြီးက မအားဘူးတဲ့။” သမီး စကားအပြီး သူ့အဖေကို ကျွန်မ လှမ်းကြည့်လိုက်တော့ ဧည့်ခန်း ဆက်တီပေါ်မှာ ထိုင်ပြီး Ipad နဲ့ ဘောလုံးပွဲကြည့်နေတာကို မြင်လိုက်ရတယ်။

ကျွန်မ ဖေကြီးဆီသွားပြီး “ဖေကြီး အားတယ်ဆိုရင် သမီး အိမ်စာတွေ ကူစစ်ပေးလိုက်ပါဦး။” လို့ အကူအညီတောင်းလိုက်တော့“ငါ ဘောပွဲကြည့်နေတာ မအားဘူးလေကွာ မိန်းမရာ တစ်နေကုန် ပင်ပန်းလာတယ်ဆိုမှ မင်းကလည်း” ဆိုပြီး သူ့ဘက်က ပြန်ပြောလာတယ်။ “အို ရှင် အားလွန်းလို့ ဘောပွဲတောင် ကြည့်နိုင်သေးတာပဲ ဟိုမှာ ကျွန်မ ပန်းကန်တွေ တစ်ထပ်ကြီး ဆေးနေရတုန်း သမီးကို ခဏလေးကြည့်ပေးတော့ ဘာဖြစ်သွားမှာမို့လဲ” လို့ ကျွန်မ ဒေါသောနဲ့ ပြောမိလိုက်တယ်။

“မင်းက အိမ်မှာနေပြီး ဘာမှလုပ်ရတာ မဟုတ်ဘူး။ ယောက်ျားဖြစ်တဲ့ငါက တစ်နေကုန် အလုပ်တွေ လုပ်နေရတာ။”

“သြော် ရှင်က အိမ်အလုပ်တွေ လုပ်ရတာကို လွယ်တယ် ထင်လို့လား။ ဒါဆိုရင် ကျွန်မ မနက်ဖြန် အလုပ်သွားတုန်း ရှင် အိမ်အလုပ်တွေ လုပ်ကြည့်လိုက်လေ။” လို့ ပြောလိုက်တော့ “လုပ်မယ်ကွာ ဘာခက်တာမှတ်လို့” ဆိုပြီး သူ့ဘက်က ပြောလာတယ်။ ဒီလိုနဲ့ နောက်နေ့မနက် တစ်နေ့တာလုပ်ရတဲ့ အိမ်အလုပ်စာရင်းကို စာရွက်တစ်ရွက်မှာ ချရေးပြီး ကျွန်မ သမီးကို ပေးခဲ့လိုက်တယ်။

ကျွန်မ အလုပ်က ရုံးအလုပ်မဟုတ်ဘဲ အလွတ်တန်းမို့ တစ်ပတ်တစ်ခါ အစည်းအဝေး တက်ဖို့ပဲလိုတာ။ ကျွန်မ Clients တွေနဲ့ ဆွေးနွေးပြီး အိမ်ကို ပြန်လာတော့ အိမ်ထဲဝင်ဝင်ချင်း မြင်ရတဲ့ မြင်ကွင်းကြောင့် လူက ပက်လက်တောင် လန်ချင်သွားတယ်။ အိမ်ရှေ့အဝတ်လျှော်စက်အောက်မှာ ဖြူဖြူတွေမှ အများကြီးပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“မောင်ရေ မောင်အဝတ်လျှော်စက်အောက်က ဘာတွေထွက်နေတာလဲ။”

“ဆောရီး မောင် အဝတ်လျှော်စက်ထဲကို သမီးကျောင်းစာအုပ်တစ်အုပ် ထည့်လိုက်မိတာ။” “အိုး မြတ်စွာဘုရား” လို့တပြီး ကျွန်မ ကိုယ့်နဖူးကိုယ်ပဲ  ပြန်ရိုက်လိုက်မိတယ်။ သမီးလေး အိမ်ရှေ့ ထွက်လာပြီး “မေမေ ဖေဖေက သမီးကို ကြောင်စာတွေ ကျွေးနေတယ် ကြောင်တောင် ဖေဖေလုပ်တာတွေကို စားချင်မှာ မဟုတ်ဘူး။” လို့ ပြောတယ်။ ကျောလည်လောက်ရှိတဲ့ သမီးရဲ့ဆံပင်တွေကို သူဘယ်လို ချည်ပေးထားတယ်မသိဘူး။ ရှုပ်လို့ ပွလို့ ကျွန်မ ရယ်ချင်ပက်ကျိ ဖြစ်သွားတယ်။

ပြီးတော့ သူကျွန်မကို ကြည့်ပြီး “မင်းလုပ်တဲ့ အလုပ်တွေက လွယ်လွန်းတယ်လို့ မောင်ပြောမိတာ ဆောရီးပါကွာ။ မောင်ကိုယ်တိုင် လုပ်ကြည့်မှပဲ သိလိုက်တော့တယ်။ နောက်ခါ မောင် ဒီလို မပြောတော့ပါဘူး။ အိမ်အလုပ်တွေလည်း ကူလုပ်ပါ့မယ်။” ဆိုပြီး ကျွန်မကို ပြောလာတယ်။ သမီးလေးကလည်း “မေမေ အလုပ်ရှုပ်နေရင် သမီး မနှောင့်ယှက်တော့ပါဘူး။ ဘာမဆို သမီးဘာသာ လုပ်တတ်အောင် ကြိုးစားကြည့်ပါ့မယ်။” ဆိုပြီး ပြောလာတယ်။ ကျွန်မရဲ့ နေ့စဉ် အခက်အခဲတွေကို သိနားလည်သွားပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကို ကျွန်မ ပွေ့ဖက်လိုက်တယ်။ အခုလို အလွယ်တကူ သဘောပေါက်သွားတဲ့အတွက် ကျွန်မ အမှန်တကယ် ပျော်ရွှင်ရပါတယ်။

ရှေ့လျှောက် ဒီထက်ပို သာယာတဲ့ မိသားစုဘဝကို တည်ဆောက်သွားနိုင်မယ်လို့ ကျွန်မယုံကြည်တယ်။