တနင်္လာနေ့တိုင်း ဖတ်ဖို့စာ….။

ရုံးပိတ်ရက်အပြီးမှာ ရောက်လာခဲ့တဲ့ တနင်္လာမနက်ခင်းလေးရေ…။

အားအင်အပြည့်နဲ့ရောက်လာခဲ့လို့ ကျေးဇူးတင်ပါတယ်။

အမှန်အတိုင်းပြောရရင် မင်းရောက်လာတဲ့အခါ နည်းနည်းတော့ ပျင်းမိတယ်။ ဒါပေမဲ့ အသစ်တစ်ခုကို စတင်မယ်ဆိုတဲ့ အစလေးတစ်ခုဖြစ်တာကြောင့် စိတ်လည်းလှုပ်ရှားမိပါတယ်။ ဒီနေ့ကို ကိုယ်ဘယ်လိုအသုံးချမလဲဆိုတာ ကိုယ့်အတွက် အရမ်းအရေးကြီးတယ်ဆိုတာကို ကိုယ်နားလည်ပါတယ်။ ဒါ့ကြောင့်လေ… မင်းကို အကောင်းဆုံးအသုံးချပြီး အနာဂတ်အတွက် ပြင်ဆင်မယ်။ မင်းကပေးတဲ့ တက်ကြွခြင်းတွေနဲ့ အနာဂတ်ကို တက်လှမ်းမယ်။

မင်းကနည်းနည်းတော့ ဖိစီးစရာကောင်းတာမှန်ပါတယ်။ မင်းဟာ အခြားနေ့တွေထက် အလုပ်များတာကိုး။ ဒါပေမဲ့ ချစ်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်ဆုံတဲ့နေ့လည်းဖြစ်တယ်၊ အနားပေးထားတဲ့ဦးနှောက်ကို ပြန်အသုံးချဖို့နေ့လေးတစ်နေ့လည်း ဖြစ်တာကြောင့် မင်းကိုကျေးဇူးတင်ပါတယ်။