အကျင့်ကောင်းလေးတွေကို ချိန်းကြိုးလေးတွေလို ဆက်ကြရအောင်။

blank

စာချစ်သူတို့ရေ…

ပြီးပြည့်စုံတဲ့သူမရှိဘူးဆိုတဲ့စကားအတိုင်းပါပဲ။ လူတိုင်းမှာလည်း အကျင့်ကောင်းတွေကော၊ အကျင့်ဆိုး တွေပါ အနည်းနဲ့အများရှိတတ်ကြပါတယ်။ နည်းတာများတာပဲကွာပါတယ်။
တကယ်တော့ အမူအကျင့်ဆိုတာ နေ့စဉ်အလေ့အထပါပဲ။ နေ့စဉ် လုပ်ဆောင်သွားတဲ့ အပြုအမူတွေ ကပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့အမူအကျင့်တွေဖြစ်လာတာပါ။ ကောင်းတဲ့အမူအကျင့်လေးတွေဆိုတာလည်း တစ်နေ့ချင်းစီမွေးမြူတည်ဆောက်သွားလို့ရပါတယ်။ အဲ့ဒီလိုတည်ဆောက်ရာမှာ ကူညီပေးနိုင်တဲ့နည်းလမ်း လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “ ချိန်းကြိုးကွင်းဆက်နည်းလမ်း” လို့ခေါ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ပထမဆုံးအနေနဲ့ ကိုယ်ပြုပြင်မယ့်စည်းကမ်းချက်လေးကို သတ်မှတ်ပါ။ ဥပမာ- ဒီနေ့ ဆေးလိပ်မ သောက်တော့ဘူးဆိုရင် ပထမဆုံးမသောက်တော့တဲ့ရက်ကို ကွင်းဆက် ၁ လို့ သတ်မှတ်ပါ။ ဒုတိယနေ့မှာ ဆက်မသောက်ရင် ကွင်းဆက် ၂ လို့ သတ်မှတ်ပါ။ အဲ့ဒါဆိုရင် ၁ နဲ့ ၂ က ချိတ်ဆက်သွားပါပြီ။ အဲ့ဒီပုံစံအတိုင်း ၃၊ ၄ စသဖြင့် တစ်နေ့ချင်းဆက်သွားပါ။ စည်းကမ်းဖောက်ဖျက်မိတဲ့ရက်ဆိုရင် ကွင်းဆက်ပြတ်သွားပါပြီ။ ၁ က နေ ပြန်စရတော့မှာပါ။ ၁ ကနေ ပြန်စရတယ်ဆိုတာ အချိန်ကုန်၊ လူပန်းတဲ့အတွက် စမိပြီဆိုရင် လူတိုင်းက မ ပျက်အောင်ကြိုးစားကြပါတယ်။ အရာအားလုံးဟာ အစပဲခက်တာပါ။ အရှိန်ရလာတဲ့အခါ တကူးတကအား ထုတ်စရာမလိုတော့ပါဘူး။ ထမင်းစားရေသောက်သလိုပဲ ပုံမှန်အလေ့အထဖြစ်လာပါတယ်။ ကွင်းဆက်လေး တွေများလာလေလေ ပိုပြီးစိတ်အားတက်ကြွစရာဖြစ်လာလေပါပဲ။

အဲ့ဒီနည်းလမ်းလေးကို ကျင့်သုံးသွားရင် ကြာလာတဲ့အခါ အလေ့အကျင့်ကောင်းတွေလည်း စုမိလာ မှာပါ။

ဒီနည်းလမ်းလေးကို သဘောကျရင် တခြားသူတွေအတွက်လည်း ပြန် SHARE ပေးလိုက်ပါဦးနော်။