သင့်ကိစ္စက သူများနဲ့မဆိုင်ပါဘူး။

blank

မိတ်ဆွေ…

  • အခုအချိန်ထိ သင်လက်မထပ်သေးတာဟာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင့်အချစ်ရေးအခြေအနေဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင်သားသမီးဘယ်တော့ယူမယ်ဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင့်အနာဂတ်အစီအစဉ်ဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင့်အချိန်တွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင်ပိုက်ဆံဘယ်လောက်ရှာနိုင်လဲဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင်ပိုက်ဆံဘယ်လောက်သုံးတယ်ဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင့်ဘဝနေထိုင်မှုပုံစံဆိုတာ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။
  • သင်ပိန်ပိန်၊ ဝဝ သင့်ကိစ္စပါ။ သူများနဲ့မဆိုင်ပါဘူး။

ဒါကြောင့် သင်ပိုင်တဲ့သင့်ကိစ္စ၊ သင့်အကြောင်းတွေကို သင်ဆန္ဒမရှိဘဲ ဘယ်သူ့ကိုမှ ဝေမျှပေးစရာ မ လိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိကြပါတယ်။ အဲ့ဒီစည်းမျဉ်းတွေကိုကျော်ပြီး မေးလာကြတဲ့ မေး ခွန်းတွေနဲ့ကြုံတဲ့အခါ “ စိတ်တော့မရှိပါနဲ့။ အဲ့ဒါက ပုဂ္ဂိုလ်ရေးမေးခွန်းဖြစ်သွားလို့ မဖြေတော့ဘူးနော်” ဆိုတာ မျိုး၊ “ ဘာလို့သိချင်တာလဲ” ဆိုတာမျိုးတွေနဲ့ ပြန်ငြင်းပယ်လို့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါ့အပြင် မေးတဲ့သူကို မေးခွန်းပြန်ထုတ် တာ၊ အကြောင်းအရာခေါင်းစဉ်ပြောင်းတာ၊ သူတို့အဲ့ဒီလိုမေးလိုက်တဲ့အတွက် သင်ဘယ်လိုခံစားလိုက်ရတယ် ဆိုတာ ပြောလိုက်တာမျိုးတွေနဲ့ အကြောင်းအရာကို ပြောင်းလိုက်တာမျိုးလည်း ပြုလုပ်လို့ရပါတယ်။ ဘာမှမဖြေ ဘဲတော့ မနေပါနဲ့။ ဘာမှမတုံ့ပြန်ဘဲနေတာထက်စာရင် တစ်ခုခုပြောလိုက်တာက ပိုကောင်းပါတယ်။ ဘာ ကြောင့်လဲဆိုတော့ နောက်ထပ်လာမယ့် အလားတူမှတ်ချက်တွေ၊ မေးခွန်းတွေ ရပ်တန့်သွားစေလို့ပါ။

သင်ကော သင်မဖြေချင်တဲ့မေးခွန်းတွေနဲ့ကြုံတဲ့အခါ ဘယ်လိုတုံ့ပြန်လေ့ရှိလဲ။