တိုးတက်ချင်လား။ ကိစ္စသေးသေးလေးတွေကနေစပြီး ပြောင်းလဲကြည့်လိုက်ပါ။

အောင်မြင်တိုးတက်ဖို့လို့ဆိုလိုက်ရင် လူအများစုက ကြီးမားတဲ့ပြောင်းလဲမှုတွေကို မြင်ယောင်လိုက်ကြ ပါတယ်။ ကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်ဖို့က ချက်ချင်းမဖြစ်နိုင်တာကြောင့် ဆက်မလုပ်ဖြစ်တော့ဘဲ အောင် မြင်မှုနဲ့ပါ အလှမ်းဝေးကုန်ကြပါတယ်။

တကယ်တော့ တိုးတက်ဖို့ဆိုရင် ကြီးမားတဲ့၊ ကိုယ့်ဝန်နဲ့မနိုင်တဲ့အရာတွေကို ပြောင်းလဲဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ ဘဝထဲက အသေးအဖွဲလေးတွေကနေ စတင်ပြီး ပြောင်းလဲဖို့ကြိုးစားရမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဥပမာ- မနက်စောစောထမယ်ဆိုရင် ဆုံးဖြတ်ထားတဲ့အတိုင်း ပုံမှန်ထတာ၊ ရုံးသွားရုံးပြန်တဲ့အခါ ဓာတ် လှေကားအစား ရိုးရိုးလှေကားကို အသုံးပြုတာ၊ တက္ကစီခအများကြီးအကုန်ခံမယ့်အစား လိုင်းကားစီးပြီး အသုံး စရိတ်လျှော့ချတာ စတဲ့ပြောင်းလဲမှုသေးသေးလေးတွေကနေ စတင်လို့ရပါတယ်။ သေးသေးလေးတွေစုပေါင်း လိုက်တဲ့အခါ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာပါတယ်။

ဒါကြောင့် သင်လည်းဘဝမှာ တိုးတက်ချင်တယ်ဆိုရင် သင့်ဘဝထဲမှာ ပြင်ဆင်လို့ရတဲ့အရာလေးတွေ ကို ပြင်ဆင်ပြောင်းလဲခြင်းနဲ့စတင်ဖို့ မမေ့လိုက်ပါနဲ့နော်။
စာစောင်လေးကို တခြားသူတွေအတွက်လည်း SHARE လိုက်ပါဦးနော်။