အွန်လိုင်းပေါ်ကအသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို တတ်နိုင်သလောက်ကူညီနေပြီလား။

blank

အွန်လိုင်းရှော့ပင်လုပ်တဲ့သူတွေကို အားပေးကူညီမှာလား။ မျက်စိနောက်စရာလို့ အော်နေမှာလား။

ဟိုတလောကကျွန်မရဲ့ facebook မှာ post တစ်ခုတင်ခဲ့တယ်။ မနက်ပိုင်းမှာ မုန့်ဟင်းခါး ဘယ်သူတွေ ဝယ်သောက်မလဲ ဆိုပြီးတော့ပေါ့။ ကျွန်မရဲ့ facebook fri တွေက သောက်ချင်တယ်။ မှာစားမယ်စတဲ့ comment တွေတက်လာတော့ မုန့်ဟင်းခါးရောင်းနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ချိတ်ဆက်ပေးခဲ့တယ်။ ကျွန်မအတွက် ငွေမကုန်လူမပန်းပေမယ့် ကျွန်မသူငယ်ချင်းအတွက်တော့ အကူအညီကောင်းခုပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုဗစ်ကာလမှာ လူတိုင်းနီးပါးစီးပွားရေးတွေ ကြပ်တည်းနေချိန် ကိုယ့်အနီးအနားကလူတွေကို ငွေရေးကြေးရေးအရ ကူညီချင်ပေမယ့်လည်း မကူညီနိုင်တဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ချစ်ရသူတွေ ဒုက္ခရောက်နေတာ သိနေရက်နဲ့ ကျွန်မတို့ လက်ပိုက်ကြည့်နေမှာလား။ မျက်နှာလွှဲနေမှာလား။ လူတိုင်းလိုလို ဖေ့စ်ဘုတ်သုံးနေကြတဲ့ ခေတ်မှာ ကျွန်မတို့ ချစ်ခင်ရတဲ့သူတွေရဲ့ စီးပွားရေးလေးတွေကို like လေးတစ်ချက်၊ comment လေးတစ်ခု၊ share လေးတစ်ခုနဲ့ ကူညီပေးလို့ရပါတယ်။ ငွေကြေးမကူပေးနိုင်ရင်တောင် သူတို့ရောင်းနေတဲ့ ကုန်ပစ္စည်းတွေအကြောင်း၊ စားသောက်ကုန်တွေအကြောင်းကို ပို့စ်လေးတစ်ခုတော့ တင်ပေးလို့ရပါတယ်။

ကိုယ့်ကိုမသိတဲ့ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ celebrity တွေရဲ့ ပို့စ်တွေအောက်မှာတောင် သွားပြီး comment ပေးနေတာပဲနော်။ လိုင်းသုံးရင်းနဲ့ ချစ်ရသူတွေရဲ့ စီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ ဘာကြောင့် သူတို့စီးပွားရေးတွေကို ဘာကြောင့်အားမပေးရမှာလဲ။ အဲ့ဒီလိုလုပ်ခြင်းဟာ သူတို့ရဲ့ လက်မှုပညာလေးတွေနဲ့စားစရာတွေကို ဝယ်ယူအားပေးလိုတဲ့သူ၊ အဲ့ဒီပစ္စည်းတွေကို လိုအပ်တဲ့သူတွေနဲ့ ချိတ်ဆက်ပေးရာလည်း ရောက်ပါတယ်။ ဒါ့ကြောင့် အသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို အားပေးဖို့အတွက်…

• သူတို့ကို ဝယ်သူတွေနဲ့ ချိတ်ဆက်ပေးဖို့ like and share လေးတွေ လုပ်ပေးပါ။
• သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို နီးစပ်ရာကို စကားလက်ဆောင်ပါးပေးပါ။
• သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အားပေးပါ။
• သူတို့ဆီကနေ လက်ဆောင်အနေနဲ့ free တောင်းတာမျိုးရှောင်ပါ။ သူတို့ကပေးလာရင်လည်း ငြင်းပါ။
• သူတို့ဆီကနေ တတ်နိုင်သလောက်လေး ဝယ်ယူအားပေးပါ။

သင်ကော… အိမ်တွင်းမှုအသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို အားပေးကူညီနေပြီလား။