မေတ္တာတရားတွေ ဖြန့်ဝေပါ။

blank

ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်းစိတ်ပူနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို
အံမတုနိုင်ခဲ့တဲ့သူတွေရှိသလို အံတုနိုင်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။ဒါပေမဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် အားလုံးလိုလိုက တွေးပူပြီး ကြောက်လန့်နေကြတယ်။

လူတိုင်းလိုလို စိတ်ဓာတ်ကျနေကြတယ်။

လက်ရှိအခြေအနေတွေအတွက် ကျွန်မတို့ကူညီနိုင်မယ့် နည်းလမ်းတွေက အများကြီးမရှိပေမယ့် မေတ္တာတရားတွေတော့ ဖြန့်ဝေပေးလို့ရပါတယ်။

မေတ္တာတရားကို ပြသဖို့ဆိုတာ ငွေကြေးတတ်နိုင်ဖို့မလိုပါဘူး။ မေတ္တာတရားတွေကို ပြသဖို့

– ကိုယ်ပိုင်တာဝန်သိစိတ်လေးနဲ့ တတ်နိုင်သမျှ မလိုအပ်ရင် အိမ်မှာပဲနေကြမယ်။

– အပြင်သွားရင် ဆောင်ရ၊ ရှောင်ရမှာတွေကို သတိရှိရှိနဲ့ ကာကွယ်ကြမယ်။

– သတင်းအမှန်တွေကို တခြားသူတွေလည်း သိနိုင်အောင် ကူညီပေးမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

– သတင်းအမှားတွေကို report ထုကြမယ်။

– ကိုယ်တိုင်လည်း သတင်းအမှားတွေမဖြန့်မိဖို့ သတိထားကြမယ်။

– ကိုယ်တစ်ပိုင်တစ်နိုင်ရှိတာလေးနဲ့ တတ်စွမ်းသမျှလေး ဝိုင်းဝန်းကူညီနိုင်ဖို့ အဖြေရှာကြမယ်။

– တတ်စွမ်းသမျှကူညီနေတဲ့ မေတ္တာကြီးမားသူတိုင်းကို အသိအမှတ်ပြုကြမယ်။

ဒါလေးတွေက လုပ်ဖို့ မခက်ခဲဘူးမဟုတ်လား။

ဒီတော့ လူတိုင်းဒီအချိန်မှာလိုအပ်နေတဲ့ မေတ္တာတရားကို ပျံ့ပွားနေတဲ့ Virus ထက်ပိုများအောင် ဖြန့်ကြက်ကြည့်ရအောင်လား။

သင်ကော သင့်ပတ်ဝန်းကျင်ကို မေတ္တာတရားတွေ ဖြန့်ကြက်ပြီး တစ်ဖက်တစ်လမ်းက ကူညီနေပြီလား။