အကျပ်အတည်းတွေ့နေချိန်တိုင်း ထားရှိသင့်တဲ့ စိတ်နေစိတ်ထားများ

blank
၁။ စာနာထောက်ထားပါ။

သင့်လောက်မချမ်းသာတဲ့သူတွေ၊ သင့်ထက် စီးပွားရေးအရကော ရုပ်ပိုင်းဆိုင်ရာအရပါ အားနည်းနေတဲ့သူတွေအပေါ်မှာ စာနာထောက်ထားပါ။

၂။ ဂရုစိုက်ပါ။

သင့်ကိုယ်သင်နဲ့ သင့်အနားမှာရှိတဲ့သူတွေကို ရောဂါပိုး ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ထားပါ။ သူတို့ကို သင်ဂရုစိုက်တဲ့အကြောင်း ဒီအချိန်မှာပြသပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ ကြင်နာပါ။

ကိုယ်ချင်းစာစိတ်နဲ့ ကြင်နာသနားတတ်တဲ့စိတ်ဆိုတာ လူတိုင်းမှာရှိဖို့ မဖြစ်မနေလိုအပ်ပြီး အသက်ပေါင်းများ စွာကို ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် တစ်ဦးကိုတစ်ဦး ပြစ်ချက်တွေနဲ့ စွပ်စွဲမနေဘဲ ကိုယ်ချင်းစာတရားရှေ့ ထားပြီး အချင်းချင်းဖေးမကူညီပါ။

စာချစ်သူတို့ရေ…

အကျပ်အတည်းတွေ့နေချိန်ဆိုတာ လူအချင်းချင်းဖေးမကူညီနေထိုင်ကြဖို့ အလိုအပ်ဆုံးအချိန်တွေပါ။ အထူးသဖြင့် အခုလို COVID-19 ကာလမျိုးမှာ လူသားအချင်းချင်း စာနာစိတ်တွေ၊ ကြင်နာမှုတွေ၊ ဂရုစိုက်မှု တွေပေးဖို့ အလွန်လိုအပ်ပါတယ်။ ဒါမှသာ အကျပ်အတည်းကာလရဲ့အခက်အခဲတွေကို အားလုံးစုပေါင်းကျော် ဖြတ်နိုင်ကြမှာပါ။

စာစောင်လေးကို တခြားသူတွေအတွက်လည်း ပြန် SHARE ပြီး မျှဝေပေးလိုက်ပါဦးနော်။