ချစ်ခြင်းတရားဆိုတာ ကိုယ်ချစ်တဲ့သူတွေအပေါ်ထားရှိတဲ့ စိတ်စေတနာကောင်းပါ။

“ အစားကောင်းစားရရင် ကိုယ်ချစ်တဲ့သူတွေကို သတိရတယ် ”

ဆိုတဲ့ လူတိုင်းပြောဖူးနေကျစကား လေးတစ်ခွန်းရှိပါတယ်။

ကောင်းတာလေးတွေ စားရတော့ ကိုယ်ချစ်တဲ့သူတွေကို ကျွေးချင်ပါတယ်။ သာယာတာလေးတွေ မြင်ရတော့ ကိုယ်ချစ်တဲ့သူတွေကို ပြချင်ပါတယ်။ အေးချမ်းတာလေးတွေခံစားရတော့ ကိုယ်ချစ်တဲ့သူတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ့်မှာမပြည့်စုံရင်တော့ ကိုယ့်ရှိတာလေးတွေထဲက ကိုယ်ချစ်တဲ့သူတွေကို မျှဝေပေး ချင်တာဟာ အချစ်ပါပဲ။ ချစ်ခြင်းမေတ္တာဟာ အဲ့ဒီလို ကိုယ်ချစ်တဲ့သူတွေကို အစစအရာရာ အကောင်းတွေချည်း ဖြစ်စေချင်တဲ့၊ တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်စေတနာကို အခြေခံထားပါတယ်။

ကိုယ့်ကိုယ်ကိုယ်ချစ်လားလို့ မေးရင် လူတိုင်းက “ ချစ်တယ်” လို့ ဖြေကြပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ် ကိုယ့်ပြုမူဆက်ဆံမှု၊ တန်ဖိုးထားမှုတွေက ကိုယ်ပြောတဲ့ စကားနဲ့ ကိုက်ညီရဲ့လားဆိုတာကိုတော့ ဆန်းစစ်ဖို့ အများစုက မေ့လျော့နေတတ်ကြပါတယ်။ တချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ်ဘယ်လိုချစ်ရမှန်း မသိကြတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ သူတစ်ပါးကိုပဲ ချစ်ချစ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ချစ် နည်းလမ်းက တစ်ခုပဲ ရှိပါတယ်။

အဲ့ဒါကတော့ ကောင်းတဲ့စိတ်စေတနာကို အခြေခံဖို့ပါ။ လူတိုင်းရဲ့ဘဝမှာ ကိုယ်ချစ်ရတဲ့သူတွေဆိုတာ ရှိကြပါ တယ်။ သူတို့ကို ကိုယ်ဘယ်လိုချစ်လဲ။ ကိုယ်ဘယ်လိုတန်ဖိုးထားလဲ။ ကိုယ်ဘယ်လိုပြုမူဆက်ဆံလဲ။

အဲ့ဒီအတိုင်း ကိုယ့်ကိုယ်ကိုယ်အပေါ် ပြုမူဆက်ဆံတန်ဖိုးထားလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်ချစ် တာပါပဲ။

သင်ကော ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပြီလား။