ဒီနေ့ဟာ International Day Against Homophobia, Transphobia and Biphobia (IDAHOT) နေ့ဖြစ်ပါတယ်။

blank

စာချစ်သူတို့ရေ….. IDAHOT ဆိုတာဘာလဲ သိလား။

၁၉၉၀ ခုနှစ် မေလ ၁၇ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေပြီးတော့ လိင်တူချစ်ခြင်းဆိုတာ ရောဂါမဟုတ်ဘူး သဘာဝပဲဖြစ်တယ်ဆိုတာကို အတိအလင်းကြေငြာခဲ့တဲ့ နေ့လေးတစ်နေ့ပေါ့။

ရှေးယခင်ကတော့ လိင်တူချစ်ခြင်းဟာ ပုံမှန်မဟုတ်ဘူးလို့ ယူဆခဲ့တဲ့အတွက် လိင်တူချစ်သူတွေကို အပြင်းအထန်ရှုံ့ချသူတွေ၊ ပုဂ္ဂိုလ်ရေးဆိုက်ခိုက်ခဲ့သူတွေရှိခဲ့သလို လိင်တူချစ်သူတွေအနေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်ခြင်း အထင်သေးခြင်းတွေကို ခံခဲ့ရပါတယ်။ WHO အနေနဲ့ လိင်တူချစ်သူတွေကို အသိအမှတ်ပြုလိုက်တဲ့အခါ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေဟာ လျော့ပါးလာခဲ့တာပေါ့။ ဒါပေမဲ့ ခွဲခြားဆက်ဆံမှုတွေဟာ သူ့အသိုင်းအဝိုင်းထဲမှာ ရှိနေဆဲပါပဲ။

တကယ်တော့ကျွန်မတို့အားလုံးဟာ အခွင့်အရေးတွေ၊ တန်ဖိုးထားမှုတွေ ညီတူညီမျှရထိုက်တဲ့ လူတွေချည်းပါပဲ။

ကျွန်မတို့မှာ မတူညီတဲ့ အရည်အချင်းတွေ၊ အိပ်မက်တွေကလွဲရင် အားလုံးဟာ လူ့အဖွဲ့အစည်းထဲက လူသားတွေပဲ မဟုတ်လား။

ဒီနေ့ဟာ IDAHOT ဖြစ်ပါတယ်။ ဒီနေ့မှာ ချစ်ခြင်းမေတ္တာတွေဟာ ခွဲခြားဆက်ဆံမှုတွေ၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေထက် အားကြီးတယ်ဆိုတာကို ပြသလိုက်ကြရအောင်နော်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။