သင့်ကိုယ်သင်ချစ်ရင်…

blank

၁။ သူများတွေက သင့်အတင်းပြောတိုင်း စိတ်ညစ်မနေပါနဲ့။ သူတို့လိုလူမျိုးမဖြစ်အောင်သာ နေလိုက်ပါ။

၂။ မတော်တဆအမှားလုပ်မိတိုင်း သင့်ကိုယ်သင်အပြစ်မတင်ပါနဲ့။ သင့်ဝန်းကျင်မှာ သင်အားကျနေရတဲ့လူ တော်တွေဆိုတာတောင် အမှားများစွာကိုသင်ယူပြီးမှ အောင်မြင်လာကြတယ်ဆိုတာ မမေ့ပါနဲ့။

၃။ မသိတာတစ်ခုခုရှိတိုင်း သင်ညံ့တယ်မထင်ပါနဲ့။ မွေးကတည်းက တတ်လာတဲ့သူဆိုတာ လောကကြီးမှာ ဘယ်သူမှမရှိပါဘူး။

၎။ မပြည့်စုံမှုတစ်ခုခုရှိတိုင်း အားမငယ်ပါနဲ့။ သင့်ထက်မပြည့်စုံတဲ့သူတွေ လောကကြီးမှာ အများကြီးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ တစ်ယောက်တည်းနေရတိုင်း အထီးကျန်တယ်မထင်ပါနဲ့။ သင့်ရဲ့အပူအပင်ကင်းမှုကို အားကျနေတဲ့သူတွေ အများကြီးပါ။

ယုံပါ။ သင်က သူများထက် ဘာတစ်ခုမှ အားနည်းချက်ရှိနေတာမဟုတ်ပါဘူး။ သင့်ဘဝနဲ့သင် အဆင်ပြေနေပါ တယ်။ သင့်အတိုင်းအတာနဲ့သင် ပြည့်စုံလုံလောက်နေပါတယ်။ အဲ့ဒီအရာတွေကို မြင်အောင်ကြည့်ပြီး သင့် ကိုယ်သင် အခုထက်ပိုပြီးချစ်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့ပဲ လိုနေတာပါ။