အကယ်၍ကျောင်းဖွင့်တာများ နောက်ကျသွားခဲ့ရင်…

blank

အကယ်၍ ကျောင်းဖွင့်တာ နောက်ကျသွားခဲ့ရင် ဘာတွေဖြစ်လာမလဲ။

ကျောင်းသားမိဘအများစုဟာ ကျောင်းဖွင့်ချိန်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေဖြစ်နေကြတယ်။ ကျောင်းဖွင့်နောက်ကျခဲ့ရင် ကလေးတွေရဲ့ အနာဂတ်တွေ နှောင့်နှေးမှာ ပူပန်နေကြတယ်။ တကယ်ကော….

ကိုဗစ်ကြောင့် ပညာရေးတွေ နောက်ကျသွားမှာလား။

သင့်ရဲ့ကလေးကို အခုအချိန်မှာ…..

စာနာထောက်ထားခြင်းရဲ့ တန်ဖိုးတွေကို သင်ပေးထားမယ်ဆိုရင်၊ မိသားစုတွေနဲ့ စည်းလုံးညီညွှတ်စွာနေထိုင်တတ်အောင် သင်ထားပေးမယ်ဆိုရင်၊ တီထွင်ကြံဆဉာဏ်တွေ ကောင်းမွန်အောင်၊ စာအုပ်တွေကို ချစ်တတ်သွားအောင်၊ ခံစားချက်တွေကို ချရေးတတ်အောင် သင်ထားပေးမယ်ဆိုရင်….

ခြံဝင်းထဲမှာထိုင်ပြီး တိတ်ဆိတ်ခြင်းရဲ့ အရသာကို ခံစားတတ်အောင်၊ ပြတင်းပေါက်မှာ ထိုင်ပြီး ငြိမ်းချမ်းခြင်းရဲ့ အသံကို နားထောင်တတ်အောင် သင်ထားပေးမယ်ဆိုရင်….

ငှက်လေးတွေရဲ့ တီတီတာတာအသံလေးတွေကို နားထောင်တတ်အောင်၊ ပန်းလေးတွေအပေါ် ဟိုဟိုဒီဒီပျံသွားနေတဲ့ လိပ်ပြာလေးတွေရဲ့ အတောင်ပံခတ်သံကို နားစွင့်တတ်အောင်၊ မိုးရွာပြီးတဲ့နောက် မြေနံ့လေးတွေကို ရှူရှိုက်တတ်အောင် သင်ထားပေးမယ်ဆိုရင်….

သူတို့ကြိုက်တဲ့ ဟင်းလေးတွေကို ကိုယ်တိုင်ချက်တတ်အောင်၊ သူတို့အခန်းကို သူတို့ကိုယ်တိုင်ရှင်းတတ်အောင်၊ အဝတ်ကိုယ်တိုင်လျှော်တတ်အောင်၊ အိမ်ကိုရှင်းတတ်အောင် သင်ထားပေးမယ်ဆိုရင်….

အိမ်မှာရှိနေတဲ့အရာလေးတွေကို ခြိုးခြံချွေတာတတ်အောင်၊ ရှိသမျှနဲ့ ရောင့်ရဲတတ်အောင် သင်ထားပေးမယ်ဆိုရင်….

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အိမ်အတွက်လိုအပ်တဲ့အရာတွေကို သွားဝယ်ဖို့ စာရင်းလုပ်တဲ့နေရာမှာ ကူညီစေဖို့၊ အစားအစာတွေ ချက်ပြုတ်ပြင်ဆင်ဖို့ ကူညီနိုင်ဖို့ သင်ထားပေးမယ်ဆိုရင်…..

မိသားစုလက်ဆုံစားတာတွေရဲ့ တန်ဖိုး၊ ရှိနေတဲ့အရာတွေကို မိသားစုနဲ့ ခွဲဝေသုံးတတ်ဖို့ လေ့ကျင့်ပေးသွားမယ်ဆိုရင်….

ဆရာ၊ ဆရာမတွေရဲ့ တန်ဖိုး၊ စာကြည့်တိုက်းမှူး၊ အထွေထွေလုပ်သားတွေ၊ အစိုးရဝန်ထမ်းတွေ၊ လူမှုအကျိုးပြုလုပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကုန်တိုက်အရောင်းစာရေးတွေရဲ့ တန်ဖိုးကိုသိပြီး သူတို့ကိုကျေးဇူးတင်တတ်တဲ့ စိတ်သဘောထားကို မွေးမြူပေးထားမယ်ဆိုရင်….

ရိုးရှင်းတဲ့ဘဝရဲ့တန်ဖိုး၊ အသေးအဖွဲလေးတွေကို တန်ဖိုးထားတတ်ပြီး စာနာနားလည်ခြင်းတွေကို ကောင်းစွာတတ်မြောက်လာတဲ့ အဲ့ဒီလိုကလေးတွေဟာ ခေါင်းဆောင်တွေဖြစ်လာပြီး ကျွန်မတို့ကို ဦးဆောင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။

အခုအချိန်ဟာ ကျောင်းတွေပိတ်ထားပါတယ်။ လူတော်တွေဖြစ်လာဖို့ သင်ပေးမယ့်တံခါးက ခဏလေးပိတ်ထားပေမယ့် လူကောင်းတွေဖြစ်လာအောင် အိမ်မှာ သင်ထားပေးလို့ရပါတယ်။
ပညာရေးတစ်နှစ်၊ ခြောက်လ၊ သုံးလ နောက်ကျခဲ့တာကို သင်စိတ်မကောင်းဖြစ်နေဦးမလား။