မိန်းမ မိန်းမဆိုတာ….

blank

ရိုးရှင်းသလောက်ရှုပ်ထွေးနေတယ်။ အားနည်း သလောက် ခွန်အားကြီးနေတယ်။ စိတ်ရှုပ်စရာကောင်းနေသလောက် မြတ်နိုးစရာ လည်းကောင်းနေတယ်။ အဲ့ဒီလိုဆန့်ကျင်ဘက်အဓိပ္ပာယ်တွေနဲ့ တည်ဆောက် ထားတဲ့အရာကို မိန်းမသားတွေလို့ ခေါ်ပါတယ်။

မိန်းကလေးတစ်ယောက်ကို သင်က…..

ချီးကျူးတယ်ဆိုရင် သင်တစ်ခုခုလုပ်ထားလို့ ၊ မချီးကျူးဘူးဆိုရင် သင်က အလိုက်မသိတဲ့လူ။

သူမအကြိုက်တွေအားလုံးကို လိုက်လျောတယ်ဆိုရင် သင်ကဖားချင်လို့၊ သူမအကြိုက်တွေအားလုံးကို မလိုက်လျောဘူးဆိုရင်  သင်က နားလည်မှုမရှိတဲ့လူ။

သင်က ကောင်းကောင်းမွန်မွန်ဝတ်စားထားတယ်ဆိုရင် သင် မျက်နှာများတဲ့သူ၊ သင်က ကောင်းကောင်းမွန်မွန်မဝတ်စားထားဘူးဆိုရင် ပေပေတေတေနေတဲ့သူ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်က သဝန်တိုတယ်ဆိုရင် သင် ချုပ်ချယ်တတ်တဲ့သူ၊ သဝန်မတိုဘူးဆိုရင် သင်က  သူမအပေါ်တကယ်မချစ်တဲ့သူ။

သင်က တခြားမိန်းကလေးတွေကိုစိုက်ကြည့်တယ်ဆိုရင် သင်က ဖွန်ကြောင်တဲ့သူ၊ သူမကို အခြားယောက်ျားက ကြည့်တယ်ဆိုရင် သူမကဆွဲဆောင်မှုရှိတဲ့သူ။

သင်စကားပဲပြောနေတယ်ဆိုရင် လေပေါလိုက်တာ၊ သင်က စကားမပြောဘူးဆိုရင် သင်က ရေခဲတုံး။

သင့်ကိုချစ်တဲ့၊ သူကချစ်တဲ့မိန်းမတစ်ယောက်မှာ အဲ့ဒီလို ဆန့်ကျင်ဖက် အပြုအမူလေးတွေရှိတယ်မဟုတ်လား။ သင့်ချစ်သူ ရစ်စိန်လေးမှာကော ဘယ်လို အမူအကျင့်လေးတွေရှိလဲ။