စိတ်ညစ်နေရတဲ့ အချိန်မှာ ကျေးဇူးတင်စရာတွေကို လိုက်ရှာပါ။

စာချစ်သူရေ…။

COVID-19 ကြောင့် စိတ်ပူပန်စရာတွေ များနေလို့ စိတ်ပူပန်နေလား။

အခုအချိန်မှာ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေတယ်ဆိုရင် လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကိုတောင် မရကြရှာတဲ့သူတွေထက် ကံကောင်းတယ်ဆိုတာကို သတိရပါ။

သင်က work-from-home လုပ်နေရလို့ စိတ်ပျက်နေတယ်ဆိုရင် ကိုဗစ်ကာလအတွင်းမှာ အလုပ်တွေရပ်ဆိုင်းနေတဲ့သူတွေထက် ကံကောင်းတယ်ဆိုတာကို သတိရပါ။
စားချင်တာတွေ လျှောက်မစားရလို့ စိတ်ညစ်နေတယ်ဆိုရင် စားစရာတောင်အနိုင်နိုင်ဖြစ်နေတဲ့ သူတွေထက်ကံကောင်းတယ်ဆိုတာကို သတိရပါ။

မိသားစုနဲ့စိတ်သဘောထားမတိုက်ဆိုင်လို့ စိတ်ရှုပ်နေတယ်ဆိုရင် ရပ်ဝေးမှာတစ်ယောက်တည်း နေနေရတဲ့သူတွေထက် ဆိုတာကို သတိရပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

စီးပွားရေးတွေ ရပ်ဆိုင်းထားရလို့ စိတ်ညစ်နေတယ်ဆိုရင် ဆေးရုံမှာ အသက်လုနေရတဲ့သူတွေထက် ကံကောင်းတယ်ဆိုတာကို သတိရပါ။

အခုအချိန်မှာ စိတ်ညစ်နေတာ၊ စိတ်တွေမွန်းကြပ်နေတာက သဘာဝပါ။

ဒါပေမဲ့ သင့်ဆီမှာရှိနေတဲ့ ကံကောင်းမှုတွေကို မြင်အောင်ကြည့်ပါ။ ကံကောင်းမှုတွေကို ရေတွက်ပါ။

ဒီကပ်ကြီးပြီးသွားတဲ့အခါ လုပ်မယ့် ဘဝအစီအစဉ်တွေကို ချမှတ်ပြီး မျှော်လင့်ချက်တွေကို စိုက်ပျိုးပါ။

သင့်ဆီမှာကော.. ဘယ်လိုကံကောင်းမှုတွေရှိနေလဲ။ မျှဝေပေးပါဦးနော်။