ကွာရမ်တင်းကြောင့် သိလာခဲ့တဲ့ ဘဝသင်ခန်းစာများ။

ကွာရမ်တင်းကြောင့်…..

၁။ အသစ်တွေကို စူးစမ်းပြီး ချက်ရင်းပြုတ်ရင်းနဲ့ မီးဖိုချောင်ဟာ ပျော်စရာကောင်းတဲ့နေရာ၊ စိတ်ထွက်ပေါက် ရနိုင်တဲ့နေရာ ဆိုတာကို သိလာခဲ့တယ်။ အစားအစာချက်ပြုတ်ခြင်းဟာ တီထွင်ဖန်တီးမှုတွေ ပေါင်းစပ်နေတဲ့ အနုပညာတစ်ရပ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။

၂။ မိသားစုဝင်တွေအားလုံး ပူးပေါင်းထမ်းဆောင်ခြင်းအားဖြင့် အိမ်ရဲ့အလုပ်ဝန်တွေဟာလည်း ပျော်စရာကောင်းလာတယ်ဆိုတာကို သိလာခဲ့တယ်။ အမျိုးသားတွေအနေနဲ့လည်း အိမ်ရှင်မတွေ လုပ်နေကျ အလုပ်တွေကို ပိုနားလည်ခွင့်ရလာတယ်။ အိမ်အလုပ်လုပ်ခြင်းဟာ ဘာမှမပင်ပန်းပါဘူးဆိုတဲ့ အမြင်မှားတွေလည်း ပျောက်ကွယ်ကုန်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၃။ အသစ်တွေကိုသင်ယူဖို့ အချိန်ပိုရလာတယ်။ မိသားစုတွေအတူတူ အတတ်ပညာအသစ်တွေကို သင်ယူပြီး ပေါ့ပါးတဲ့အချိန်တွေကို ပိုင်ဆိုင်လာခဲ့တယ်။ ဘဝမှာ သင်ယူစရာတွေ အများကြီးကျန်သေးတယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။

၎။ ပကာသနတွေပစ္စည်းတွေ လိုက်ဝယ်ထာထက် ငွေစုဆောင်းထားဖို့ အရေးအကြီးတယ်ဆိုတာကို နားလည်လာခဲ့တယ်။ မလိုအပ်ဘဲ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို ဒီအချိန်မှာ ပိုပြီး သုံးသပ်နိုင်လာခဲ့တယ်။

၅။ ကိုယ်ဟာ ဘဝမှာဘယ်လောက်ထိပြေးလွှားနေခဲ့ရတယ်။ အချိန်နဲ့အညီ ရုန်းကန်နေခဲ့ရတယ်ဆိုတာကို သိလာတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ဆက်သွယ်ကြည့်ခြင်းရဲ့ အေးချမ်းမှုတွေကို ခံစားတတ်လာတယ်။

၆။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ တန်ဖိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တန်ဖိုးတွေကို ပိုသိလာတယ်။

၇။ အရာရာအာလုံးရဲ့ အဆုံးသတ်မှာ ကျန်းမာရေးက အရေးအကြီးဆုံးဆိုတာကို နားလည်လာခဲ့တယ်။

သင့်ကိုကော ကွာရန်တင်းက ဘာတွေသင်ပေးခဲ့လဲ။