ရေငတ်နေသူတွေကို ရေ မျှဝေချင်ရင် သင်ကိုယ်တိုင်ရေမဆာနေဖို့ လိုပါတယ်။

blank

သင်က အကူအညီပေးရတာကို ကြိုက်တဲ့သူလား။

ဒါဆိုရင်တော့ သင့်ဘေးမှာ အကူအညီလိုနေတဲ့သူတွေ တစ်ယောက်မဟုတ် တစ်ယောက်တော့ အ မြဲရှိနေမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်တော့ လိုအပ်ချက်တွေ အမြဲ ရှိနေကြလို့ပါ။ သူတစ်ပါးရဲ့လိုအပ်ချက်တွေကို ကူညီတယ်ဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ။ လူသားအချင်းချင်း စာ နာစိတ်၊ မျှဝေချင်စိတ်ရှိသူတွေသာ ဆောင်ရွက်ကြတဲ့ အပြုအမူကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ လူတိုင်း လည်း မဆောင်ရွက်နိုင်ကြပါဘူး။ ဒါကြောင့် တတ်နိုင်မယ်ဆိုရင် မိမိဝန်းကျင်က လူတိုင်းကို ကိုယ်တတ်နိုင် သလောက် အကူအညီပေးတာ အလွန်ကောင်းမွန်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါပေမဲ့ “တတ်နိုင်သလောက်” ဆိုတဲ့စကားက အလွန်ကျယ်ပြန့်ပါတယ်။

တစ်ဖက်သားအဆင်ပြေစေဖို့အတွက် ကိုယ့်ရဲ့တတ်နိုင်သလောက်ကူညီမှုဟာ ကိုယ့်ကိုယ်ကိုယ် ပြန် ထိခိုက်စေလောက်တဲ့ ဝန်ထုပ်ဝန်ပိုးကြီးမဖြစ်သင့်ပါဘူး။ တစ်နည်းအားဖြင့် ကိုယ့်အတွက် ကွက်လပ်ဖြစ်ခံပြီး ကူညီတာက ရေရှည်မှာ ကိုယ့်ပျော်ရွှင်မှုတွေပါ ပျောက်ဆုံးအောင် ပြုလုပ်နေတာပါ။ သင့်ဘေးမှာ လိုအပ်ချက် တွေအများကြီးရှိနေတဲ့သူတွေ အများကြီးရှိတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်ကလည်း လိုအပ်ချက်တွေ ရှိနိုင်တဲ့လူတစ်ယောက်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ သူတစ်ပါးပျော်ရွှင်အောင် ဖြည့်ဆည်းပေးတာ ကောင်းပါ တယ်။ ဒါပေမဲ့ သင့်ပျော်ရွှင်မှုကလည်း အရေးကြီးပါတယ်။ သူတစ်ပါးကို စာနာစိတ်ထားပါ။ သင့်ကိုယ်သင် လည်း တန်ဖိုးထားပါ။ သင်ကလည်း ပျော်ရွှင်မှု၊ စာနာမှုတွေ ထားရှိခံရဖို့ ထိုက်တန်သူတစ်ဦးပါ။

သူများကို ဖြည့်ဆည်းပေးရတယ်ဆိုတာ ရေငတ်နေသူကို သင့်မှာရှိတဲ့ရေထဲက မျှဝေပေးတာနဲ့ တူပါတယ်။ ဒါပေမဲ့ သင်အသက်ဆက်ရှင်ဖို့အတွက်လည်း ရေချန်ထားဖို့ မမေ့ပါနဲ့နော်။
သင်ကော ဘဝမှာ ကိုယ့်ကိုယ်ကိုယ်အနစ်နာခံပြီး သူတစ်ပါးကို အကူအညီပေးခဲ့ဖူးလား။ အတွေ့အကြုံလေးကို မျှဝေခဲ့ပါဦးနော်။