COVID-19 ကာလကို လူသားအချင်းချင်းစာနာစိတ်တွေနဲ့ ဖြတ်ကျော်ကြရအောင်။

blank

မိတ်ဆွေ…

သင် Like များဖို့အရေးတစ်ခုတည်းနဲ့ သူတစ်ပါးရဲ့သိမ်ငယ်အားငယ်မှုတွေကို ရက်ရက်စက်စက် ချမနင်းပစ် လိုက်ပါနဲ့။

ဒီနေ့ကူးစက်ခံလူနာကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ဖို့ကြိုးစားနေတဲ့ သင်နဲ့ သင့်မိသားစုဝင် တစ်ဦးဦးဆီ ကိုလည်း COVID-19 က အချိန်မရွေးရောက်လာနိုင်ပါတယ်။

သင့်အိမ်တံခါးပေါက်ကို အချိန်မရွေး လာခေါက်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပါ။ အကြောင်းကြောင်းကြောင့် ကူးစက်ခံဘဝရောက် သွားတဲ့ လူနာတွေနဲ့ မိသားစုဝင်တွေအပေါ် ကိုယ်ချင်းစာနာစိတ်မွေးပါ။

ခွန်အားမပေးနိုင်ရင်တောင် ရောဂါကြောင့် ကြောက်လန့်အားငယ်နေသူတွေကို နာကျင်စရာတွေ ထပ်မပေး မိပါစေနဲ့။

လူသားအချင်းချင်းက ရန်သူတွေမဟုတ်ပါဘူး။

COVID-19 ကသာ လူသားတွေရဲ့ရန်သူဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ့နော်။
လူအချင်းချင်းကြားစာနာမှုတွေပိုမိုပျံ့နှံ့စေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။