Single တွေမှာသာရှိနေတဲ့ လွတ်လပ်ခြင်းဆိုတဲ့ အတောင်ပံတစ်စုံ

“နှစ်ဆယ်ကျော်အစိတ်ပိုင်းအရွယ်တော်တစ်စိတ်ဟိုင်း”လို့ဆိုတဲ့အပျိုကြီးတွေဟာ ဖြတ်သန်းခဲ့ရတဲ့ဘဝ အတွေ့အကြုံတွေကြောင့် ရင့်ကျက်တည်ငြိမ်စွာလှပနေသူတွေပါ။ သစ်ရွက်လေးလှုပ်ရင်တောင်ရယ်ချင်နေတတ်တဲ့ ဆယ်ကျော်သက်အရွယ်ကို ချန်ထားခဲ့ပြီး အရာတိုင်းကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်တတ်လာပြီ။ လူတွေရဲ့ အမြင်တွေထက် ကိုယ်ဖြစ်ချင်တာကို ဦးစားပေးတတ်လာပြီ။ လွပ်လပ်မှုတွေတပွေ့တပိုက်နဲ့ မိဘတွေအပေါ်ဒိုင်ခံဆိုးဖို့ပါမစ်ရထားသူတွေ လို့ ပြောရင်လည်း မမှားပါဘူး။ ဆရာကြီးလုပ်တတ်တဲ့ သူတွေစကားတွေကို အသံတိတ်ခံရုံမှလွဲပြီး အခြားနည်းလမ်းမရှိ။ အတွန့်တတ်လျှာရှည်မိရင် လက်ကမြန်ပါဘိနဲ့။  အပျိုကြီးတွေဟာ…

မတော်တဆများ ချစ်သူရသွားရင် ချစ်သူအပေါ်ဆိုးတတ်တယ်။

ချစ်သူမရသေးရင် မိဘအပေါ်ဆိုးတတ်တယ်။

မိဘအပေါ်ဆိုးမရပါက မောင်နှမများအပေါ်ဆိုးတတ်တယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မောင်နှမများအပေါ်ဆိုးမရပါက တူ၊တူမများအပေါ်ဆိုးတတ်တယ်။

ဘယ်သူ့အပေါ်မှ ဆိုးစရာမရှိဘူးဆိုရင်တောင် ဆံပင်အရောင်ဆိုးပါတော့တယ်။

ဒီအချက်များရှိနေတဲ့ အပျိုကြီးမမတွေရဲ့ စိတ်ဟာလည်း နှစ်မျိုးပဲရှိတယ်။ အခုတစ်မျိုးနှင့်တော်ကြာတစ်မျိုးပေါ့။ ဒါပေမဲ့ အပျိုကြီးတွေဆိုတာ အနှောင်အဖွဲ့ကင်းကင်းနဲ့ ကိုယ့်ဘဝကိုကိုယ် ကိုယ်တိုင်ထိန်းကျောင်းပြုပြင်နိုင်တဲ့ ဘယ်တော့မှမရိုးတဲ့ ကဗျာတစ်ပုဒ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူးနော်။

သင်ကော အဲ့ဒီလို ကဗျာတစ်ပုဒ်ပဲလား။