လက်တလော COVID-19 ပေါ်တုံ့ပြန်မှုအကောင်းဆုံး နိုင်ငံတွေရဲ့ တူညီတဲ့အချက်တစ်ခုဟာ အမျိုးသမီးခေါင်းဆောင်တွေရဲ့ လမ်းပြခြင်းပါ။

blank

အခု အကြပ်အတည်းကို ကျော်လွှားဖို့ မှန်ကန်တဲ့ ခေါင်းဆောင်မှုကို ရှာနေမိလား။ အိုက်စလန်ကနေ ထိုင်ဝမ်အထိ၊ ဂျာမဏီကနေ နယူးဇီလန် အထိ နိုင်ငံအသီးသီးရဲ့ အမျိုးသမီးခေါင်းဆောင်တွေ COVID-19 ကို ဖြေရှင်းနေပုံက ကမ္ဘာမှာ ဘယ်လို ခေါင်းဆောင်မှုတွေ လိုအပ်တယ်ဆိုတာတွေကို ပိုပြီး ထင်ဟပ်မှုပေးနေပါတယ်။ အုပ်ချုပ်ရေးအာဏာဆိုတာ ကောင်းတဲ့နည်းလမ်း၊ ကြင်နာမှုပြည့်ဝတဲ့နည်းလမ်းနဲ့ စီမံသူတွေလည်း ရှိပါလားဆိုတာကို သက်သေပြနေကြတယ်။

၁။ ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်မှု။

ဂျာမဏီရဲ့ အဓိပတိဖြစ်တဲ့ အင်ဂျလာမာကယ်လ် (Angela Merkel) ဟာ အစောပိုင်းကတည်းက နိုးနိုး ကြားကြားရှိနေခဲ့ပြီး သူမရဲ့ပြည်သူတွေကိုလည်း “ ဒီရောဂါကို ပေါ့ပေါ့ဆဆမလုပ်ပါနဲ့။ အရေးကြီးတယ်။ ပြည် သူ ၇ဝ% အထိ ကူးစက်နိုင်တယ်”ဆိုပြီး အခြေအနေရဲ့ လေးနက်မှုကို တည်ငြိမ်စွာ ပွင့်ပွင့်လင်းလင်း သတိပေးခဲ့သူပါ။ ဒါကြောင့် တစ်နိုင်ငံလုံးအနေနဲ့လည်း ဒါကို အလေးအနက်ထားခဲ့ကြတယ်။
ဒီလို လုပ်တော့ “ငါတို့ နိုင်ငံမှာတော့ ဖြစ်မှာ မဟုတ်ဘူး။” ဆိုတဲ့ ဖြစ်ရပ်အပေါ် ငြင်းပယ်မှုတွေ၊ ဖြစ်လာတော့မှ ပြည်သူတွေရဲ့ ဒေါသတွေ၊ လက်မခံနိုင်မှုတွေကို တခြားနိုင်ငံတွေကလည်း မကြုံခဲ့ပါဘူး။

စမ်းသပ်မှုတွေ၊ ကာကွယ်မှုတွေကို ချက်ချင်းပဲ ထလုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျာမဏီနိုင်ငံဟာ သူ့အိပ်နီးချင်း ယူရိုပီယံနိုင်ငံတွေထက် COVID ဖြစ်နှုန်းကို လျှော့ချနိုင်ခြင်းဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

၂။ ဆုံးဖြတ်ချက်ပြတ်သားမှု။

ထိုင်ဝမ်နိုင်ငံရဲ့ခေါင်းဆောင်အမျိုးသမီးဖြစ်တဲ့ Tsai Ing-wen ကတော့ ပထမဆုံးဖျားနာမှုလက္ခဏာရပ်တွေ စတင်လာတာနဲ့ နိုင်ငံတကာက လုပ်နေတဲ့ lockdown လိုမျိုးတွေမလုပ်ဘဲ ပြန့်ပွားမှုကို ပိတ်ဆို့ဖို့ အစီအမံ ၁၂၄ ခုကို ထုတ်ပြန်မိတ်ဆက်ခဲ့တယ်။ အခုဆိုရင် သူမဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဆီကို mask ပေါင်း ၁ဝ မီလျှံကို တင်ပို့ပေးနေခဲ့ပါပြီ။ ကပ်ရောဂါမပြန့်ပွားအောင်လည်း ဆက်လက်ထိန်းသိမ်းထားနိုင်နေပြီး သူမနိုင်ငံရဲ့ သေဆုံးမှုအနေနဲ့ ၆ ခုသာ ရှိနေပါသေးတယ်။

နယူးဇီလန်ရဲ့ခေါင်းဆောင်အမျိုးသမီး ဂျက်စင်ဒါအာဒမ် (Jacinda Ardern) ကတော့ သူမနိုင်ငံကို စောစောစီးစီး lockdown ချခဲ့ပြီး သတိပေးချက်ရဲ့အမြင့်ဆုံးအဆင့်အထိပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ၆ ယောက်ပဲ ကူးစက်ခံရချိန်ကတည်းက နိုင်ငံထဲဝင်ရောက်လာသူတိုင်းကို self-isolation ကို တင်းတင်းကြပ်ကြပ် ပြုလုပ်စေခဲ့တယ်။ နိုင်ငံခြားသားများဝင်ရောက်မှုကိုလည်း ချက်ချင်းပိတ်ဆို့ပစ်ခဲ့တယ်။ ပြတ်သားမှုနဲ့ အဆုံးအဖြတ်က နယူးဇီလန်ကို COVID-19 မုန်တိုင်းရဲ့ ထိခိုက်မှုတွေနည်းအောင် ကူညီနေပါတယ်။ ဧပြီလလယ်အထိ သေဆုံးသူ ၄ ဦးသာရှိခဲ့ပြီး တခြားနိုင်ငံတွေကတော့ တင်းကြပ်မှုတွေကို ဖြည်းဖြည်းချင်း လျှော့နေချိန် သူမကတော့ ပိုတင်းကြပ်အောင် ထိန်းနေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
၃။ နည်းပညာ အသုံးချနိုင်မှု။

နိုင်ငံအများစုမှာ လက္ခဏာရပ်ပြသသူတွေကိုသာ စမ်းသပ်ပေးတဲ့ အကန့်အသတ်တွေရှိနေကြချိန်မှာ အိုက်စလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Katrín Jakobsdóttir ကတော့ နိုင်ငံသားအားလုံးကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုတွေ အခမဲ့ပြုလုပ်ပေးခဲ့ပါတယ်။ အိုက်စလန်နိုင်ငံရဲ့လူဦးရေအချိုးအစားဟာ များပြားပေမဲ့ နှံ့နှံ့စပ်စပ်ခြေရာ ခံနိုင်ခြင်းစနစ်ကို ကျင့်သုံးခဲ့တာကြောင့် lockdown ချတာတွေ၊ ကျောင်းပိတ်တာတွေတောင် မပြုလုပ်ခဲ့ရပါဘူး။
ဖင်န်လန်နိုင်ငံကလည်း အတူတူပါပဲ။ ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ရွေးကောက်တင်မြှောက် ခြင်းခံခဲ့ရတဲ့ စန်နာမာရင်န် (Sanna Marin) ဟာ အသက် ၃၄ နှစ်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ကိုရိုနာဗိုင်းရပ်စ်အရေးအခင်းကို ရင်ဆိုင်ရာမှာ ဆိုရှယ်မီဒီယာမှာလူတွေအပေါ် လွှမ်းမိုးမှုရှိတဲ့ social media influencer တွေကို အခရာကျတဲ့ကိုယ်စားလှယ်တွေအဖြစ် အသုံးချနိုင်သူပါ။ လူတိုင်းက အစိုးရထုတ်ပြန်မှုတွေကို မဖတ်ဘူးဆိုတာ သဘောပေါက်ခြင်းအားဖြင့် စန်နာမာရင်န်ဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို စီမံခန့်ခွဲရာမှာ မှန်ကန်တဲ့အခြေခံအချက်အလက်တွေပျံ့နှံ့စေဖို့ influencers တိုင်းကို အသက်အရွယ်မရွေး ဖိတ်ခေါ်ပါဝင်စေခဲ့တယ်။

၎။ ချစ်ခြင်းမေတ္တာကိုပြသခြင်း

နော်ဝေနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ Erna Solberg ကတော့ နိုင်ငံတကာက လူကြီးတိုင်း မေ့နေကြတဲ့ အကြောင်းအရာဖြစ်တဲ့ တိုင်းပြည်မှာရှိတဲ့ ကလေးတွေနဲ့ တိုက်ရိုက် စကားပြောဖို့ ရုပ်မြင်သံကြားကို အသုံးပြုခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေးတိုင်းရဲ့ မေးခွန်းတွေကို သူမ ဖြေပေးခဲ့တယ်။ အကြောက်တရားကို ဘယ်လိုအဆင်ပြေအောင် ပူးပေါင်းဖြတ်ကျော်မလဲဆိုတာတွေကို အချိန်ယူရှင်းပြခဲ့တယ်။ ခေါင်းဆောင်မှုမှာ အခုလို လူသားဆန်မှု ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာမှုတွေ တွေ့တော့ အခုပဲ ကိုယ့်နိုင်ငံသမ္မတက screen ကနေ လက်ထွက်လာပြီး ကိုယ့်ကို နွေးထွေးစွာ ထွေးပိုက်မလားလို့တောင် ခံစားစေတယ်လို့ လူတွေက ပြောကြပါတယ်။
အထက်ပါအချက်တွေကို ခြုံငုံကြည့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ကြတဲ့ နိုင်ငံတွေမှာ တူညီတဲ့အချက်တွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်က အမျိုးသမီးတွေဖြစ်ကြတာ၊ ပြည်သူတွေ အပေါ်ချစ်ခြင်းတရား၊ ယုံကြည်မှုတွေနဲ့ နွေးထွေးလုံခြုံစေခြင်းအပြင် အချိန်နဲ့တစ်ပြေးညီမှန်ကန်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ကြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေကို အားနွဲ့သူတွေရယ်လို့ ခေတ်အဆက်ဆက်က သတ်မှတ်လာခဲ့ကြပေမဲ့ အရေးကြုံလာချိန်မှာ ယောကျာ်းသားခေါင်းဆောင်တဲ့ တချို့သောနိုင်ငံတွေ ထက်ရှေ့ရောက်နေတာကို ကိုရိုနာဗိုင်းရပ်စ်ကာလလုပ်ဆောင်ချက်တွေက အကောင်းဆုံးသက်သေပါလို့ လေ့လာတွေ့ရှိချက်တွေအရသိရလို့ မျှဝေပေးလိုက်ပါတယ်။

တခြားသူတွေအတွက်လည်း ဒီစာစောင်လေးကို ပြန် SHARE ပေးလိုက်ပါဦးနော်။