လျှာဖျားနဲ့ လူမသတ်မိပါစေနဲ့။

blank

အမျိုးသမီးတိုင်းမှာ အတိတ်ဆိုတာရှိပါတယ်။ တချို့တွေက နာကျည်းစရာ ငယ်ဘဝတွေကို ပိုင်ဆိုင်ခဲ့ရတယ်။ တချို့တွေက မေတ္တာတွေငတ်မွတ်ပြီး ရှင်သန်ခဲ့ရတယ်။ မိဘတွေရဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေးမှာ ဓားစာခံအဖြစ် တချို့တွေက ကျော်ဖြတ်ခဲ့ရတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံခဲ့ရတယ်။ အချစ်ရေးအဆင်မပြေမှုတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ယုတ်မာရက်စက်တဲ့ ရည်းစားဟောင်းရဲ့ ဖိအားပေးခြိမ်းခြောက်တာတွေကို ခံစားခဲ့ရတယ်။ တချို့တွေဆိုရင် သေကြောင်း ကြံစည်မှုတွေကိုတောင် လုပ်ခဲ့ကြဖူးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါပေမဲ့ မိန်းကလေးတစ်ယောက် မျက်ရည်တွေကို သုတ်၊ ဆံပင်ကို တင်းတင်းချည်ပြီး၊ မားမားမတ်မတ်ရပ်တည်ဖို့ ကြိုးစားနေပြီဆိုရင်တော့ သိလိုက်ပါ။ သူမဟာအရာရာကို ကျော်ဖြတ်ပြီး ဘဝကို အစကနေ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလေ။ မျှော်လင့်ချက်တွေနဲ့ ပြန်လည်ရုန်းထလာတဲ့ အမျိုးသမီးတစ်ယောက်ကို အတိတ်ကအကြောင်းတွေနဲ့ မထိုးနှက်ပါနဲ့တော့။ ရှင်သန်ဖို့ကြိုးစားနေတဲ့ သူမကို စကားလုံးတွေနဲ့ ထပ်ပြီး မသတ်ပါနဲ့တော့။ သင့်ရဲ့ဝေဖန်ကဲ့ရဲ့မှုတွေဟာ သူမရုန်းထွက်ခဲ့တဲ့ နာကျင်ခြင်းတွေကို ပြန်ပြောင်းသတိမရစေနဲ့တော့နော်။