Coronavirus အကြောင်း သင့်ကလေးတွေကို ပြောပြထားပြီးပြီလား။

blank

လက်ရှိအချိန် Coronavirus နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို TV ၊ ရေဒီယိုနဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ မြင်တွေ့လာရပါတယ်။ သတင်းမီဒီယာတွေက တင်ဆက်တဲ့ အမျိုးမျိုးသော အဖြစ်သနစ်တွေကို နားထောင်ဖတ်ရှုပြီး ကလေးတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပွားလာတတ်တယ်။

ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးထားနိုင်ဖို့လိုပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး စိုးရိမ်ပူပန်တာမျိုးတွေ မဖြစ်ရလေအောင် ကလေးတွေကို ခြောက်လှန့်တာမျိုးတွေ လုံးဝ မပြုလုပ်ပါနဲ့။

Coronavirus ကူးစက်ပြန့်ပွားနေစဉ်ကာလမှာ သင့်ကလေးကို ဒီလိုလေး ရှင်းပြထားပေးပါ။

• Coronavirus ကဘာလဲဆိုတာကို ရှင်းပြထားပေးပါ။
• Coronavirus ရဲ့ ရောဂါ လက္ခဏာရပ်တွေအကြောင်းကို ပြောပြထားပေးပါ။
• စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ပြောပြထားပေးပါ။
သင့်ကလေးကို ရှင်းပြနေတဲ့အချိန်မှာ
• အရင်ဆုံး သူ့ကို Coronavirus နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းရှိ၊မရှိ မေးမြန်းပါ။ သင့်ကလေးရဲ့ စိုးရိမ်ပူပန်မှုကို အခြေခံပြီး အကြံဉာဏ်ကောင်းတွေပေးပါ။
• သတင်းအချက်အလက်တွေကို ကန့်သတ်ပြီးပြောပြထားပါ။ မြင်မြင်သမျှ သတင်းတိုင်းကို မယုံကြည်ဖို့ ပြောပြထားပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

• လိုတာထက်ပိုပြီး သတင်းအချက်အလက် ဝေမျှတာမျိုးတွေ မပြုလုပ်မိပါစေနဲ့။ သင့်ကလေး သင့်ကို တိုက်ရိုက်မေးတဲ့ မေးခွန်းတွေကိုသာဖြေကြားပေးပါ။ မိသားစုမှာ Coronvirus နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှ အတိုချုံးပြီးဆွေးနွေးပါ။
• ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ဖို့နဲ့ တစ်ကိုယ်ကောင်းမဆန်ဖို့ သင်ကြားပေးပါ။
• ကလေးတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ သင်ကိုယ်တိုင်ရဲ့ စိုးရိမ်စိတ်တွေကို တတ်နိုင်သလောက် လျှော့ချထားပေးပါ။

လူမှုကွန်ယက်မှာတင်နေကြတဲ့ မဟုတ်မမှန်သတင်းတွေကို ယုံကြည်ခြင်းမပြုဘဲ တရားဝင် အစိုးရ website တွေက တင်တဲ့သတင်းတွေကိုသာ ယုံယုံကြည်ကြည်နဲ့ စောင့်ကြည့်ပေးပါ။

စာစောင်လေးက သင့်အတွက်အသုံးဝင်တယ်ဆိုရင် SHARE သွားဖို့ကိုလည်းမမေ့ပါနဲ့နော်။