COVID-19 က လူတွေကို ထိတ်လန့်စေတဲ့ အကြောင်းအရင်းတစ်ခုလား။ ဒါမှမဟုတ် အကြောက်တရားကပဲ လူတွေကိုခြောက်လှန့်နေတာလား။

blank

COVID-19 ဟာ အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဆိုတာကို သင်တို့အားလုံး သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ COVID-19 ထက် ဆိုးတဲ့ ရောဂါပိုး နောက်ထပ်တစ်မျိုး ရှိနေပါသေးတယ်။ အဲ့ဒါကတော့ အကြောက်တရား လို့အမည်ရတဲ့ စိတ်ရောဂါတစ်မျိုးပါ။

အကြောက်တရားကြီးစိုးရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့…။

၁။ အကြောက်တရားက အတ္တကို ဖြစ်ထွန်းစေပါတယ်။

COVID-19 စတင် မဖြစ်ပွားခင် ကတည်းက ကုန်တိုက်တွေ၊ ဈေးဆိုင်တွေမှာ အလုအယက်ဈေးဝယ်လာကြတာကို မြင်တွေ့နေရပါတယ်။ ငွေကြေးတတ်နိုင်သူတွေအတွက်တော့ အဆင်ပြေပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ အတွက် ဒီလို ဝယ်ယူစုဆောင်းထားဖို့က အဆင်မပြေနိုင်ပါဘူး။ ဒီလိုအချိန် သင်တို့မှာရှိနေရမှာက ကိုယ်ချင်းစာတရားပါ။ အတ္တတွေ၊ မာနတွေ၊ တစ်ကိုယ်ကောင်းဆန်စိတ်တွေ မဟုတ်ပါဘူး။ သင်တို့ရဲ့ အကြောက်တရားကြောင့် အများသူငါ ထိခိုက်နစ်နာသွားရတာမျိုးတွေ မဖြစ်ပါစေနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၂။ အကြောက်တရားကြောင့်ပဲ အကောင်းမြင်ဖို့ မေ့သွားတတ်ကြတယ်။

COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ အများကြီးရှိသလို ကောင်းကျိုးတွေလည်း အများကြီးရှိနေပါတယ်။ ဆိုးကျိုးအနေနဲ့ လူပေါင်းသောင်းချီ သေဆုံးကြရသလို ကောင်းကျိုးအနေနဲ့ နိုင်ငံအချင်းချင်း ဖေးမကူညီနေကြတာကို သင်မြင်တွေ့ရနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ Coronavirus စတင်ပျံ့ပွားတုန်းကဆိုရင် ဂျပန်နိုင်ငံက ပြစ်တင်ရှုံ့ချနေမယ့်အစား ဆေးဝါးပစ္စည်းတွေကို အလကား ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အဲ့ဒီလိုပဲ UAE ကလည်း အီရန် (Iran) ကို ဆေးဝါးပစ္စည်းတွေ ပေးပို့လှူဒါန်းခဲ့ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီကာလမှာ ကျွန်မတို့ ပိုင်ဆိုင်ထားရတာက ကျွန်မတို့ လူ့အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွှတ်မှုပါပဲ။ အကောင်းမြင်တတ်ရင်၊ မေတ္တာတရားကို ရှေးရှုတတ်ရင် ဖြစ်ပျက်လာသမျှကိစ္စရပ်တွေအားလုံးက အကောင်းချည်းပါပဲ။

၃။ အကြောက်တရားကြောင့်ပဲ ကိုယ်ပြုလုပ်လို့ရမယ့် အကျိုးရလဒ်တွေကို မေ့နေကြပြန်တယ်။

COVID-19 ဟာ ရောဂါအသစ်အဆန်းလို့ ဆရာဝန်တွေ ပြောနေကြပေမယ့် ဒါဟာ အသစ်အဆန်းတော့မဟုတ်တော့ပါဘူး။ ဒီလို ကပ်ရောဂါမျိုးတွေ သမိုင်းတစ်လျှောက်မှာ ဖြစ်ပွားခဲ့ကြပြီးပါပြီ။ ဒီခုဖြစ်ပျက်နေတာတွေကလည်း အချိန်တန်ရင်ပြီးဆုံးသွားမယ့်အရာတွေထဲကတစ်ခုပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ-

– စိတ်နဲ့ ကိုယ်တစ်သားထဲဖြစ်အောင်နေပါ။

– သတင်းတွေထိုင်ကြည့်ပြီး ထိတ်လန့်ကြောက်ရွံ့နေမယ့်အစား စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။

– ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်အောင် အာဟာရ ပြည့်ဝစေတဲ့ အစားအစာတွေကို စားသုံးပါ။

– သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပါ။

– မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေဆီကို ဖုန်းခေါ်ပြီး သာကြောင်း၊ မာကြောင်း မေးမြန်းပါ။

– COVID-19 ဆိုတဲ့ ကပ်ဆိုးရောဂါကြီးကို အသုံးချပြီး မိသားစုတွင်း relationship ၊ သူငယ်ချင်းတွေနဲ့ သင့်ကြားမှာရှိတဲ့ relationship တွေကို အရင်ကထက်ပိုမို ခိုင်မာတည်မြဲအောင် တည်ဆောက်ထားလိုက်ပါ။

အသုံးချတတ်ရင် ကပ်ဆိုးရောဂါကနေလည်း ကောင်းကျိုးရလဒ်တွေ ဖြစ်ထွန်းနိုင်တယ်ဆိုတာကို သင့်သူငယ်ချင်း၊ သင့်မိတ်ဆွေတွေ သိအောင် SHARE ပေးသွားလိုက်ပါနော်။