COVID19 ကာလကို အကောင်းဖက်က အသုံးချဖို့….

blank

– စကားမပြောတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်ကြည့်ပါ။

– မိသားစုဝင်တွေကို ဘယ်လောက်ချစ်ကြောင်း၊ တန်ဖိုးထားကြောင်း ပြောကြည့်ပါ။

– သင်နဲ့ တူတူရှိနေတဲ့သူအတွက် ကော်ဖီလေးတစ်ခွက်လောက် ဖျော်ပေးကြည့်ပါ။

– သင်သိတဲ့ တစ်ယောက်ယောက်နဲ့ ကော်ဖီသောက်ပြီး အေးဆေးစကားပြောကြည့်ပါ။

– အိမ်အလုပ်လေးတွေကို ဝိုင်းလုပ်ပေးကြည့်ပါ။

– သူငယ်ချင်းတွေနဲ့ Online ကနေ အတူတူရုပ်ရှင်ကြည့်ကြည့်ပါ။

– တစ်ယောက်ယောက်ကို သူ့အတွက် သင်ဂုဏ်ယူရကြောင်း ချီးမွန်းကြည့်ပါ။

– တစ်ယောက်ယောက်ကို သင်ဘာကြောင့် ကျေးဇူးတင်ရကြောင်း အသိအမှတ်ပြုကြည့်ပါ။

– ခက်ခဲနေတဲ့သူငယ်ချင်းတစ်ယောက်ယောက်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာလေးတစ်စောင်လောက် ပို့ကြည့်ပါ။

– သင်သိတဲ့တစ်ယောက်ယောက်ကို ပျော်ရွှင်စေဖို့ ဟာသလေးတစ်ခုလောက် ပို့ပေးကြည့်ပါ။

– သင့်အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားကြည့်ပါ။

– တစ်ယောက်တည်းနေရတဲ့ (သို့) အထီးကျန်နေတဲ့ သူငယ်ချင်း (ဒါမှမဟုတ်) မိသားစုဝင်တစ်ယောက်ယောက် (ဒါမှမဟုတ်) အိမ်နီးချင်းတစ်ယောက်ကို ဖုန်းခေါ်ပြီး စကားပြောကြည့်ပါ။

– တတ်နိုင်သမျှ အလှူအတန်းတစ်ခုခုကို ပြုလုပ်ကြည့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

– သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေ့တဓူဝလုပ်ငန်းစဉ်အပြောင်းအလဲကို မေးမြန်းကြည့်ပါ။

– သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြုအမူကောင်းတွေ၊ ရလဒ်ကောင်းတွေအတွက်လည်း ချီးမြှောက်ပေးပါ။

– လုပ်ဖော်ကိုင်ဖက်တွေနဲ့ Video call ပြောရင်း ထမင်းစား (သို့) ကော်ဖီသောက် တွေ့ဆုံကြည့်ပါ။

– သင်သိတဲ့လူတွေအတွက်ကူညီပေးနေတဲ့ ကမ္ဘာတစ်လွှားက အကြင်နာကြီးမားတဲ့ လူသားတွေအကြောင်းကို တခြားသူတွေသိအောင် မျှဝေကြည့်ပါ။

– သင်တတ်မြောက်တဲ့အရာတစ်ခုခုကို Online ကနေ တခြားသူတွေအတွက် ဝေမျှပေးကြည့်ပါ။
စဉ်းစားကြည့်ပါဦး၊ အိမ်ထဲမှာနေရလို့ အကျိုးမဲ့သက်သက်အချိန်တွေကုန်ဆုံးသွားစရာမရှိပါဘူး။ မေတ္တာတရားကို လိုအပ်နေတဲ့အရာတွေရှိနေပါတယ်။

ဒီတော့ သင့်မှာ မေတ္တာတွေအများကြီးရှိပါတယ်၊ မျှဝေဖို့ပဲလိုတာပါ။

သင်ကော ဘယ်သူတွေကို ဘယ်လိုမျိုး မေတ္တာတရားတွေမျှဝေရင်း ကမ္ဘာကြီးကိုကယ်တင်နေပါသလဲ။