အိမ်ပြင်ထွက်မရရင် အတွင်းကို သွားပါ။

blank

မိတ်ဆွေ…

သင်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်နေတယ်ဆိုရင် လူတိုင်းကလည်း သင်နဲ့အတူတူပဲ ဆိုတာ သတိရလိုက်ပါ။

ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိတာတောင် လူအများစုဟာ ဗိုင်းရပ်စ်ကပေးတဲ့ စိတ်ဖိစီးမှုတွေကိုတော့ ခံစားနေကြရပါတယ်။ ကိုယ်တိုင်ကူးစက်ခံရရင်ဖြစ်ဖြစ်၊ မိသားစုဝင်တွေကူးစက်ခံခဲ့ရရင်ဖြစ်ဖြစ် COVID-19 သားကောင်အနေနဲ့ ရက်ပေါင်းများစွာ သီးခြားခွဲခွာနေထိုင်ရခြင်းကလည်း စိတ်ကျန်းမာရေးကိုပါ ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒါကြောင့် အခုအချိန်မှာ အိမ်မှာနေဖို့၊ လူလူချင်းသတ်မှတ်ထားတဲ့အကွာအဝေးမှာ နေထိုင်ဖို့တွေနဲ့အတူ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေကို ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့ အကျပ်အတည်းကာလကြောင့် ဖြစ်ရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေဟာ အကြောက်တရားနဲ့အဆုံးသတ်သွားစေနိုင်လို့ပါ။ အဲ့ဒီအကြောက်တရားကြောင့် ကိုယ်ခံအားစနစ်ပါ ကျဆင်းသွားစေပါတယ်။ လေ့လာတွေ့ရှိမှုအရ အပျက်သဘောဆောင်ခံစားမှုတွေက့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေတဲ့ ဓာတုပစ္စည်းတချို့ ထုတ်လုပ်ပေးခြင်းကနေ ဦးနှောက်ကို တားဆီးထားတယ်လို့ ဆိုပါတယ်။ သင့်အတွေးနဲ့ သင့်စိတ်ခံစားမှု အခြေအနေတွေဟာ သင့်ကျန်းမာရေးတစ်ခုလုံးကို ထိန်းသိမ်းထားပါတယ်။ စိတ်သက်တောင့်သက်သာရှိနေရင် ဦးနှောက်ကလည်း စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်လုပ်မှုကို ရပ်တန့်ပေးထားပါတယ်။ ဒါကြောင့် စိတ်ကောကိုယ်ပါ တည်ငြိမ်စေဖို့ တရားထိုင်ကြည့်ပါ။ တရားထိုင်တယ်ဆိုတာ သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုမှာ ထိုင်ပြီး အသက်ရှူတဲ့အပေါ် အာရုံစူးစိုက်ရတာပါ။ ဖြစ်ချင်နေတဲ့ဆန္ဒတွေမပါဘဲ လက်ရှိဖြစ်နေတာကို သိအောင် စောင့်ကြည့်ရတာပါ။ လေ့လာတွေ့ရှိမှုတွေအရ စိတ်ဖိစီးမှုဖြစ်ပေါ်စေတာဟာ ပတ်ဝန်းကျင်အခြေအနေကြောင့်ထက် အဲ့ဒီအခြေအနေကို တုံ့ပြန်မှုအပေါ် ပိုပြီးမူတည်တယ်လို့ ဆိုကြပါတယ်။ စိတ်အေးချမ်းအောင် တရားထိုင်နေတဲ့အခါ အဲ့ဒီငြိမ်းချမ်းမှုက ခန္ဓာကိုယ်ကို ပြန်လည်သက်တောင့်သက်သာရှိလာစေပြီး ထိခိုက်ပျက်စီးမှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် အိမ်ထဲနေရချိန်တွေမှာ နေ့စဉ် အနည်းဆုံး မိနစ် ၃ဝ ကြာအောင် တရားထိုင်ခြင်းက စိတ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ လက်ရှိကာလမှာ နိုးနိုးကြားကြားနေရမယ်ဆိုတာ မှန်-ပေမဲ့ အချိန်ပြည့်သတင်းတိုင်းကို စောင့်ကြည့်နေမယ်။ ဒီအခြေအနေအကြောင်းပဲ အချိန်ပြည့်ဆွေးနွေးနေမယ်ဆိုရင် စိတ်ပင်ပန်းဆင်းရဲစေရုံကလွဲပြီး အကျိုးမရှိစေပါဘူး။

ဒါကြောင့် အပြင်ထွက်မရရင် အိမ်ထဲမှာပဲနေပြီး သင့်ကိုယ်တွင်းဆီအလည်အပတ်သွားကြည့်လိုက်ပါ နော်။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။