သင်ထိန်းချုပ် လို့မရတဲ့ အရာကြောင့် စိတ်မပူပါနဲ့။

blank

Covid 19 ကြောင့် မသေချာမှုတွေဖြစ်နေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဂရုစိုက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်မလုံခြုံဘူးလို့ခံစားရတဲ့အခါ ဘာကမှသေချာမှုတွေရှိမနေတာကို တွေ့တဲ့အခါမှာ စိတ်ဖိစီးတာ သဘာဝပါပဲ။

စိတ်ဖိစီးစေတဲ့အဓိကအကြောင်းအရင်းကလည်း တစ်ခုခုကို ကိုယ်ထိန်းချုပ်လို့ရသင့်တယ်ထင်ပေမယ့် မရတဲ့အခါမှာ ဖြစ်တတ်ပါတယ်။အခုလည်း ဒီလိုပဲ Covid 19 ကြောင့် လူတိုင်းစိုးရိမ်ကြောင့်ကြနေကြပါတယ်။

ဘာတွေဖြစ်လာမှာလဲဆိုတာကို ခန့်မှန်းမရတော့ အကူညီမဲ့နေသလိုပဲ ခံစားရစေပါတယ်။
အဲ့ဒီအခါမှာတော့ စိတ်က ဖိစီးမှုကြောင့် မကျန်းမာတော့ပါဘူး။ဒီတော့ ကျွန်မတို့အခုချိန်နားလည်ထားရမှာက ကျွန်မတို့အကူညီမဲ့မနေပါဘူး။

ကျွန်မတို့ရဲ့ တုံ့ပြန်မှုတွေက ကျွန်မတို့ရဲ့ ရွေးချယ်မှုပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တကယ်လို့ Covid 19 ကြောင့် စိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။

၁. သင်ထိန်းချုပ်နိုင်တာဘာရှိလဲ၊ ဘာကိုထိန်းချုပ်လို့မရဘူးလဲ ဝေဖန်ပိုင်းခြားကြည့်ပါ။

၂. သင့်အတွက် အကူညီဖြစ်စေမယ်လို့ စိတ်ချစေတဲ့အရာက ဘာလဲ၊ အဲ့ဒါကို လုပ်ပါ။

၃. ပုံမှန်အတိုင်းပဲ သွားစရာရှိတာကိုတော့သွားပါ၊ လူအုပ်ကိုတော့ ရှောင်ပါ။

၎. ကိုယ့်ကိုယ်ကိုယ်ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ဖို့ စိန်ခေါ်ကြည့်ပါ။

၅. သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အဆက်သွယ်မပြတ်ပါစေနဲ့၊ အကူညီလိုတဲ့အခါ တောင်းခံတတ်ပါစေ။

သင်တို့ရော Covid 19 ကြောင့် စိတ်ဖိစီးနေကြလား။

အဲ့ဒီ စိတ်ဖိစီးမှုတွေကိုရော ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချနေလဲ ဝေမျှခဲ့ပါလား။