ဝါရှင်တန်မှ COVID-19 ကူးစက်ခံအမျိုးသမီးတစ်ယောက်ရဲ့အတွေ့အကြုံမျှဝေခြင်း

blank

ကျွန်မကတော့ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ် (Seattle) မြို့က COVID-19 ကူးစက်ခံလူနာတစ် ယောက်ပါ။ ပါတီတစ်ခုတက်ခဲ့ပြီး သုံးရက်မြောက်နေ့မနက်မှာ ကျွန်မအိပ်ရာနိုးလာတော့ တစ်ကိုယ်လုံးကိုက်ခဲ ပြီး နေထိုင်မကောင်းတော့ဘူး။ ခါတိုင်းလိုပဲခဏနဲ့သက်သာမယ်ထင်ပြီး ကျွန်မ ရုံးသွားခဲ့တယ်။ နေ့လယ်ခင်းမှာ ခေါင်းတွေတအားကိုက်ပြီး ပိုဆိုးလာတယ်။ တစ်ကိုယ်လုံးပင်ပန်းနွမ်းနယ်ကိုက်ခဲလာပြီး အဖျားဝင်လာတယ်။ ဒါနဲ့ အလုပ်ကို အိမ်သယ်သွားပြီး ဆက်လုပ်တယ်။ ညနေခင်းတစ်ရေးအိပ်တယ်။ နိုးလာတော့ ကျွန်မကိုယ်ပူချိန် က ၁ဝ၁ ဒီဂရီဖာရင်ဟိုက်ရှိနေပြီ။ ညရောက်တော့ ၁ဝ၃ ဖြစ်လာတယ်။ ကျွန်မလည်း အိမ်မှာရှိတဲ့ဆေးတွေ သောက်ပြီး အိပ်လိုက်တာ။ မနက်ရောက်တော့ အဖျား ၂ ဒီဂရီလောက်ပြန်ကျသွားတယ်။ ဖျားတယ်။ မောပန်း နွမ်းနယ်တယ်။ တစ်ကိုယ်လုံးကိုက်ခဲနေတယ်။ ခေါင်းတွေကိုက်တယ်။ ဒါပေမဲ့ ကျွန်မချောင်းမဆိုးဘူး။ အသက် ရှူလမ်းကြောင်းပြဿနာဘာတစ်ခုမှမဖြစ်ဘူး။ အသက်ရှူရလည်း မခက်ဘူး။ လည်ပင်းလည်း မနာဘူး။ အဲ့ဒီ တော့ ကိုရိုနာဗိုင်းရပ်စ်လို့ ကျွန်မမထင်ဘူးပေါ့။ တုပ်ကွေးလို့ထင်ပြီး အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ နောက် ရက်တွေကျတော့ ကျွန်မနဲ့ပါတီအတူတက်ခဲ့သူတွေတင်ကြတဲ့ ဖျားနာသတင်းတွေကို facebook ပေါ်မှာ ဖတ်ရ တယ်။ သူတို့ဖြစ်တာနဲ့ ကျွန်မဖြစ်တာ လက္ခဏာရပ်ချင်းအတူတူပဲ။ ပါတီတက်ခဲ့ကြတဲ့ လူ ၄ဝ လောက်မှာ ၁၅ ယောက်လောက် ဖြစ်ကြတာပါ။ သူတို့တွေက ဆရာဝန်သွားပြကြ တော့လည်း ဆရာဝန်က အအေးမိတုပ်ကွေး လို့ဆိုပြီး အိမ်မှာပဲ အနားယူဖို့ တိုက်တွန်းကြတယ်တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ရက်အနည်းငယ်ကြာတော့ သူငယ်ချင်းတွေထဲကတစ်ယောက်က ကျွန်မတို့နေထိုင်ရာဒေသဘက်ဖြစ် ပွားနေတဲ့ ဆီယက်တဲလ်တုပ်ကွေးအကြောင်း အွန်လိုင်းပေါ် မျှဝေလာတယ်။ ဒါနဲ့ ကျွန်မလည်း အွန်လိုင်းပေါ် ကနေ ပညာရှင်တွေနဲ့ ရှာဖွေဆက်သွယ်ပြီး ကျွန်မတို့ဖြစ်နေတာတွေကို စမ်းသပ်မှုခံယူဖို့ ကြိုးစားကြည့်တယ်။ စမ်းသပ်ကိရိယာလေးတွေနဲ့စစ်ဆေးပြီး အဖြေထွက်လာချိန်မှာ ကျွန်မမှာတကယ်ပဲ COVID-19 ကူးစက်ခံထား ရပြီဆိုတာ သိလိုက်ရတယ်။ ကျွန်မရောဂါလက္ခဏာတွေက အဆိုးကြီးမဟုတ်တဲ့အတွက် အိမ်မှာ သီးခြားခွဲနေ တယ်။ ရေများများသောက်တယ်။ ဗီတာမင်တွေ လုံလောက်အောင် မှီဝဲတယ်။ Nasal spray တွေသုံးတယ်။ ကံကောင်းထောက်မစွာနဲ့ ပြန်သက်သာလာသူတွေထဲ ကျွန်မပါ ပါဝင်ခွင့်ရခဲ့တယ်။ တခြားသူတွေကို မျှဝေချင် တာကတော့ အတတ်နိုင်ဆုံးတော့ ကာကွယ်ပါ။ လူစုလူဝေးရှောင်ပါ။ အကယ်၍ ကူးစက်ခံခဲ့ရပြီဆိုရင်လည်း ပထမဆုံးအချက်အနေနဲ့ စိတ်အေးအေးထားပါ။ အကြောက်မလွန်မိပါစေနဲ့။ လူအများအပြားကို ကူးစက် နေတယ်၊ သေတဲ့သူတွေလည်း သေနေကြတယ်ဆိုပေမဲ့ သင်က ငယ်ရွယ်ကျန်းမာနေတယ်ဆိုရင်၊ ဒါမှမဟုတ် အသက်ကြီးပေမယ့်လည်း ကျန်းမာရေးကောင်းတယ်ဆိုရင်၊ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိမနေဘူး ဆိုရင် သင်ပြန်သက်သာမှာပါ။ ဖြစ်ပြီဆိုတာသိတာနဲ့ သီးခြားခွဲနေပါ။ သေချာအနားယူပါ။ ရေများများသောက် ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။ ဒါဆိုရင် သင်ပြန်သက်သာလာမှာ အမှန်ပါပဲ။

ကိုယ်ခံအားကောင်းအောင် နေထိုင်ရမယ့်ကာလမှာ မလိုလားအပ်တဲ့ ပူပန်စိုးရွံ့မှုတွေလျှော့ချဖို့ ဒီစာစောင်လေးကို တခြားသူတွေအတွက်လည်း မျှဝေပေးလိုက်ပါဦးနော်။