COVID-19 ကူးစက်မခံရစေဖို့ ဒီအချက်တွေကို လိုက်နာကျင့်သုံးကြပါစို့

blank
Portrait of woman with surgical mask using alcohol gel sanitizer

– ရေနဲ့ဆပ်ပြာသုံးပြီး လက်ကို မကြာခဏဆေးကြောပါ။ ဒါမှမဟုတ် Alcohol ပါဝင်တဲ့ ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုပါ။

– လူတွေနဲ့ အနည်းဆုံး ၁ မီတာ အကွာမှာနေထိုင်ပါ။

– လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ထိတွေ့ခြင်း မပြုပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

– နှာချေ၊ ချောင်းဆိုးတဲ့အခါ တံတောင်ဆစ်ကိုကွေးပြီး နှာခေါင်းနဲ့ပါးစပ်ကို ကာမိုးထားပါ။ ဒါမှမဟုတ် တစ်ရှူးအသုံးပြုပါ။ သုံးပြီးသား တစ်ရှူးတွေကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။

– ချောင်းဆိုးပြီး အဖျားရှိနေတယ်၊ အသက်ရှူရခက်ခဲနေတယ်ဆိုရင် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

– သတင်းတွေကို မပြတ်စောင့်ကြည့်ပါ။ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းပြောတဲ့ အကြံဉာဏ်အတိုင်း လိုက်နာဆောင်ရွက်ပါ။

သင်ကော ဒီအချက်တွေအတိုင်း လိုက်နာလိုက်ဖို့ အဆင်သင့်ပဲလား။