မေမေတို့ရေ အဆိုးထဲမှာလည်းအကောင်းတွေရှိနေသေးတယ်။

blank

၂ဝ၃ဝ တွင်….

 တက္ကသိုလ်ကျောင်းသူ- သမီးတို့ ကျောင်းမှာ ၂ဝ၂ဝ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ COVID-19 ဆိုတဲ့ ကပ်ဆိုးရောဂါကြီးအကြောင်းကို သင်ယူခဲ့ရတယ် မေမေ။ အရမ်းကို ဆိုးဝါးတဲ့ကိစ္စရပ်တွေ ဖြစ်ပွားခဲ့တာပဲ။ မေမေတို့က နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ဖူးတာဆိုတော့ အဲ့ဒီတုန်းက အခြေအနေတွေအကြောင်းကို သမီးကိုပြောပြလို့ရမလား မေမေ။
အမေ- ဒါပေါ့သမီးရယ် သိပ်ကိုဆိုးဝါးခဲ့တာပေါ့။ အဲ့ဒီအချိန်တုန်းက ရောဂါကပ်ဆိုးကြီးကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ ဆိုင်တွေ၊ အိမ်တွေကို ပိတ်ထားခဲ့ရတယ်။ လူတချို့က ၁၅ ရက်ကြာ quarantine လုပ်ဖို့ကို မလိုက်နာခဲ့ကြလို့ ကပ်ဆိုးရောဂါကြီးဖြစ်ပွားတဲ့အချိန်က ထင်တာထက်ပိုကြာသွားခဲ့ရတယ်။ လူတွေအများကြီး မသေသင့်ဘဲ သေဆုံးခဲ့ကြရတာပေါ့ သမီးရယ်။ လူတွေ ကိုယ့်အတ္တနဲ့ ကိုယ့်လောဘကိုပဲ ကြည့်ပြီး ကုန်ပစ္စည်းတွေကို အလုအယက်ဝယ်ယူကြလို့ ဆိုင်တွေမှာလည်း ပစ္စည်းတွေ ပြတ်လပ်ခဲ့ကြတာပေါ့။ မေမေတို့တတွေလည်း အလုပ်နားလိုက်ရတယ်။ အိမ်မှာနေပြီး အနယ်နယ်အရပ်ရပ်က စီးပွားရေးအခြေအနေတွေကို စိုးရိမ်ပူပန်နေခဲ့ရတဲ့အချိန်တွေပေါ့ သမီးရယ်။ ဖြစ်ပျက်ခဲ့တာတွေကို သမီး မမှတ်မိတော့ဘူးလား။ အော် ဟုတ်သားပဲ အဲ့ဒီတုန်းက မေ့သမီးလေးက အသက် (၈) နှစ်ပဲရှိသေးတာကိုး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တက္ကသိုလ်ကျောင်းသူ- ဟုတ်တယ်မေမေ။ သမီး မှတ်မိတာကတော့ အဲ့ဒီတုန်းက ကျောင်းတွေအကြာကြီးပိတ်ခဲ့လို့ သမီးတို့တတွေ အိမ်ခြံဝင်းထဲမှာ မေမေတို့နဲ့အတူ ကစားနည်းပေါင်းစုံကစားခဲ့တာတွေ၊ မိသားစုလိုက် ပျော်ပျော်ပါးပါးကြီး ထမင်း၊ဟင်း အတူတူချက်စားဖြစ်ခဲ့တာတွေကို သမီးမှတ်မိနေတယ် မေမေ။ ပြီးတော့ ကျောင်းသွားစရာမလို အိမ်စာလုပ်စရာမလိုတော့တာကြောင့် အိပ်ရေးဝဝ အိပ်ခဲ့ရတာတွေကိုလည်း သမီးကောင်းကောင်းကြီး မှတ်မိနေပြန်တယ်။ အမှန်အတိုင်းပြောရရင်တော့ အဲ့ဒီအချိန်တွေက သမီးအတွက် အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ။

စာချစ်သူ မေမေတို့ရေ …

မေမေတို့ရဲ့ ကလေးလေးတွေ အတွက် အမှတ်တရအဖြစ်အပျက်လေးတွေကို အိမ်မှာပဲနေရတဲ့ ဒီအချိန်လေးမှာ စိတ်ကြိုက်ဖန်တီးပေးလို့ရတယ်နော်။ အဆိုးထဲမှာလည်း အကောင်းတွေရှိနေသေးတယ်ဆိုတာကို မမေ့ပါနဲ့ဦး။

ဒီစာစောင်လေးကို ကြိုက်နှစ်တယ်ဆိုရင် SHARE ပေးသွားဖို့ကိုလည်း မမေ့ပါနဲ့နော်။