ဧပြီလဖွားတွေနဲ့ချစ်သူတော်မယ်ဆိုရင် ဒါလေးတွေသိထားပါ။

blank

ရာသီဖွားတွေဟာ မွေးဖွားရာလအလိုက် မတူညီတဲ့အကျင့်လက္ခဏာလေးတွေ ရှိတတ်ကြပါ တယ်။ ဧပြီလဖွားလေးတွေနဲ့ ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေး လိုက်ပါတယ်။ ဧပြီလဖွားတွေဟာ…

၁။ အပြင်ထွက်ရတာ ကြိုက်ကြသူတွေပါ။

သူတို့တွေဟာ အိမ်ထဲနေရတာကို ပျင်းတယ်လို့ထင်ကြသူတွေပါ။ သင်က အပြင်ထွက်ရတာ ကြိုက်ပြီး တက်တက်ကြွကြွနေတတ်သူမျိုးဆိုရင်တော့ ဧပြီလဖွားနဲ့ချစ်သူဖြစ်ရတာဟာ ရှေ့သွား နောက်လိုက်ညီမှာပါ။

၂။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားကြသူတွေပါ။

သူတို့တွေဟာ အရာရာကို ကိုယ်တိုင်လုပ်ချင်ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ် ပိုင်အချိန်တွေကို လိုချင်ကြပါတယ်။ လူတွေက သူတို့ကို ဒါလုပ်ပါ၊ ဒါမလုပ်နဲ့ဆိုတာမျိုးပြောတာတွေ ကိုလည်း မကြိုက်ပါဘူး။ ဒါကြောင့် သူတို့နဲ့ချစ်သူတော်မယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးထားပေးဖို့ မမေ့ပါနဲ့။

၃။ တစ်ဖက်သားအပေါ် ဆွဲဆောင်နိုင်ကြသူတွေပါ။

သူတို့ရဲ့ ပင်ကိုယ်ကြည့်ကောင်းတဲ့ရုပ်ရည်၊ သတ္တိရှိမှုနဲ့ ချစ်ခင်ကြင်နာတတ်တဲ့ အမူအကျင့် လေးတွေက တစ်ဖက်သားကို အလိုလိုဆွဲဆောင်နိုင်စွမ်းရှိနေပါတယ်။ ပြီးတော့ ဉာဏ်ရည်ထက်မြက် တယ်။ ဂရုစိုက်တတ်တဲ့အတွက် သူတို့အပေါ် စိတ်ဆိုးနေရင်တောင် ကြာကြာစိတ်မဆိုးနိုင်ပါဘူး။

၎။ တက်တက်ကြွကြွနေတတ်ကြသူတွေပါ။

သူတို့တွေဟာ အိပ်လိုက်၊ စားလိုက်၊ တီဗွီကြည့်လိုက်နဲ့ လူအများဇိမ်ကျတယ်ထင်တဲ့ အလုပ် တွေကို မနှစ်သက်ကြသူတွေပါ။ ဒါကြောင့် အလုပ်ပိတ်တဲ့စနေတနင်္ဂနွေလိုနေ့မျိုးမှာတောင် သူတို့ အ ချိန်ဇယားတွေကို မပျင်းရအောင် ဆွဲထားပြီးသားသူတွေပါ။

၅။ အချစ်ရေးနဲ့ပတ်သက်ရင် စိတ်ကူးယဉ်ဆန်ကြသူတွေပါ။

သူတို့အတွက် စစ်မှန်တဲ့သူလို့ထင်ရင် အဲ့ဒီလူအပေါ် အချစ်တွေစုပုံအပ်ထားလိုက်တတ်ကြပါ တယ်။ သင့်အပေါ် သူတို့ချစ်တယ်၊ မချစ်ဘူးဆိုတာကို သူတို့ရဲ့အချစ်တွေ၊ ပွေ့ဖက်မှုတွေ၊ အနမ်း တွေ၊ လက်ဆောင်တွေနဲ့တင် သိမြင်နိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ စူးစမ်းတတ်ကြသူတွေပါ။

သူတို့တွေဟာ သိချင်တာတွေများပြီး မေးခွန်းတွေလည်း အမြဲရှိနေကြသူတွေပါ။ ဒါပေမဲ့ သူ များကိစ္စတွေကိုတော့ မစပ်စုတတ်ကြပါဘူး။ ဒါကြောင့် သင်တို့ချစ်သူတွေဖြစ်တဲ့အခါ သင့်ကို မေးခွန်း တွေအများကြီးမေးရင် စိတ်မဆိုးပါနဲ့နော်။

၇။ စိတ်မရှည်တတ်ကြသူတွေပါ။

သူတို့ရဲ့ စူးစမ်းတတ်တဲ့စိတ်က သူတို့ကို ပိုတော်တဲ့လူတွေဖြစ်လာစေသလို အဲ့ဒီစိတ်ကြောင့်ပဲ စိတ်မရှည်တတ်သူတွေလည်း ဖြစ်နေပါသေးတယ်။ သူတို့စိတ်မရှည်တဲ့အခါ သူတို့ဘေးမှာ နေပေး ခြင်း၊ သူတို့ရဲ့အကောင်းအဆိုးအားလုံးကို လက်ခံချစ်ပေးခြင်းနဲ့ သူတို့စိတ်တည်ငြိမ်အောင် ကြိုးစား ပေးသင့်ပါတယ်။

၈။ သူငယ်ချင်းတွေအပေါ် အလေးထားသူတွေပါ။

သူတို့သွားလေရာမှာ သူငယ်ချင်းရှိပြီး စိတ်သဘောထားလည်း ကောင်းမွန်ကြတဲ့အတွက် သူ တို့ကို မခင်ဘဲ မနေနိုင်ကြပါဘူး။ ဒါကြောင့် သူတို့နဲ့ချစ်သူဖြစ်မယ်ဆိုရင် သူတို့ရဲ့အပေါင်းအသင်း ကဏ္ဍအပေါ်လည်း နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

၉။ စွန့်စားရတာကြိုက်သူတွေပါ။

ဘယ်လိုအလုပ်၊ ဘယ်လိုပြဿနာမျိုးကိုမဆို သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ပျော်ရွှင်ကြသူတွေမို့ သင်က စွန့်စားရတာ မကြိုက်နှစ်သက်သူဆိုရင် ချစ်သူဘဝမှာ မကြာခဏငြင်းခုံကြရပါလိမ့်မယ်။

၁ဝ။ ဘက်စုံအရည်အချင်းကောင်းတွေရှိကြသူတွေပါ။

သူတို့တွေဟာ ဘက်စုံထူးချွန်ကြသူတွေပါ။ တီထွင်ဖန်တီးနိုင်စွမ်းလည်း သူများတွေထက် ကောင်းကြပါတယ်။ ပျင်းချိန်မရှိလောက်အောင် သူတို့ကိုယ်သူတို့ ဝါသနာ၊ လှုပ်ရှားမှုတစ်ခုခုနဲ့ အမြဲ ချိတ်ဆက်ထားတတ်ကြတဲ့အတွက် သူတို့နဲ့အတူရှိနေရင် ပျင်းဖို့အချိန်ရှိမှာမဟုတ်ပါဘူး။

တိုက်ဆိုင်မှုလေးတွေရှိရင် SHARE လိုက်ပါဦးနော်။