အမြဲပျော်ရွှင်နေသူတစ်ဦးမျှဝေတဲ့ ပျော်ရွှင်မှုရဲ့အရင်းအမြစ်များ

blank
၁။ ခွင့်လွှတ်တယ်။ ပြီးတော့ မေ့ပစ်တယ်။

နာကျင်အောင်လုပ်ခဲ့ဖူးတဲ့သူတွေဆိုတာ လူတိုင်းမှာ ရှိခဲ့ကြမှာပါ။ ကိုယ်မတတ်နိုင်တဲ့အတိတ်ကို ဆုပ် ကိုင်ထားခြင်းက လက်ရှိအချိန်ကိုပါ မပျော်ရွှင်စေနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုအတွက် သူတို့ကို ခွင့် လွှတ်ပြီး မေ့ပျောက်ပစ်လိုက်ပါတယ်။

၂။ ကိုယ့်အိပ်မက်တွေနောက်ကို လိုက်တယ်။

ပျော်ရွှင်မှုရဲ့အကြီးမားဆုံးအကြောင်းတရားဖြစ်ပါတယ်။ အိပ်မက်တွေဆီမရောက်မချင်း တစ်ဆင့်ချင်း ကျော်ဖြတ်ရတဲ့ အခက်အခဲတွေနောက်က အောင်မြင်မှုက ကိုယ့်ကို ပျော်ရွှင်စေပါတယ်။

၃။ အရာရာတိုင်းပြီးပြည့်စုံရမယ်ဆိုတဲ့ အတွေးမျိုး ရှောင်တယ်။

အမှားတွေလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးပြည့်စုံတဲ့သူဆို တာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ဆီကကော တခြားသူတွေဆီကပါ ပြီးပြည့်စုံမှုတွေကိုပဲ အမြဲမျှော်လင့်နေရင် ပျော်ရွှင်မှုနဲ့လည်း ဘယ်တော့မှ နီးစပ်နိုင်မှာ မဟုတ်ပါဘူး။

၎။ အပြောင်းအလဲကို မကြောက်ဘဲ လက်ခံရင်ဆိုင်တယ်။

ဒီကမ္ဘာကြီးမှာ တစ်ခုတည်းသော သေချာမှုက ဘာမှမသေချာခြင်းပါပဲ။ ဘဝဆိုတာ မျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေနဲ့ အမြဲလည်ပတ်နေတဲ့ စက်ဝိုင်းတစ်ခုပါ။ အပြောင်းအလဲကို လက်ခံခြင်းက ငြိမ်းချမ်းမှုနဲ့ ပျော် ရွှင်မှုကို ရှာဖွေဖို့ လက်တွေ့အကျဆုံးနည်းလမ်းပါပဲ။

၅။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာမျိုးတွေ ရှောင်ပါ။

နှိုင်းယှဉ်ခြင်းဆိုတာ ပျော်ရွှင်မှုကို ခိုးယူနိုင်တဲ့ သူခိုးဖြစ်ပါတယ်။ တခြားသူတွေဘာလုပ်နေလဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်အလုပ်အပေါ်ပဲ ကိုယ်အာရုံစိုက်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ကြင်ကြင်နာနာပြောဆိုဖို့ အမြဲကြိုးစားတယ်။

ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ဘဲ “တော်လိုက်တာ၊ ကောင်းတယ်” ဆိုတဲ့စကားတွေနဲ့ အမြဲအားပေး တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၇။ အလုပ်ရှုပ်အောင်နေတယ်။

ကိုယ့်ကို စိန်ခေါ်မှုပေးနိုင်တဲ့၊ စိတ်အားတက်ကြွစေတဲ့အလုပ်တွေလုပ်တယ်။ အမြဲအလုပ်ရှုပ်နေတော့ မလိုလားအပ်တဲ့ နောက်ကြောင်းပြန်အတွေးတွေနဲ့ အတွေးလွန်နေစရာအချိန်မရှိတော့ဘူး။

၈။ ငြင်းဆန်တယ်။

ကိုယ့်အတွက် အဆင်မပြေတဲ့အရာတွေကို အားမနာဘဲ ငြင်းဆန်တယ်။

၉။ အကောင်းဘက်က တွေးတယ်။  

ကိုယ့်ခံစားမှုပြောင်းလဲချင်ရင် အတွေးအခေါ်ကိုပြောင်းလဲဖို့လိုပါတယ်။ “ဗိုက်ပူနေတာမကြိုက်ဘူး” လို့ မတွေးပါနဲ့။ “ အခုမှ ပိုဆွဲဆောင်မှုရှိလာတာ” လို့တွေးပါ။ “ နောက်မကျချင်ဘူး” လို့ မတွေးပါနဲ့။ “အချိန်မီ ရောက်သားပဲ” လို့တွေးပါ။

၁ဝ။ ကိုယ်လိုအပ်တဲ့အခါ တောင်းဆိုတယ်။

ကိုယ့်ဆန္ဒတွေကို မျိုသိပ်ထားတာဟာ ကိုယ့်အားနည်းချက်ကိုယ် ဖန်တီးထားသလိုပါပဲ။ လူတိုင်းဟာ ကိုယ့်ဆန္ဒကိုယ်ထုတ်ဖော်ပြောဆိုဖို့ ထိုက်တန်ပါတယ်။ ကိုယ်လိုချင်တဲ့အရာအတွက် ရိုးသားစွာ ပြောဆိုပါ။

၁၁။ ကိုယ်ဘယ်လောက်ခရီးရောက်ခဲ့ပြီဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်သတိပေးတယ်။

ကိုယ်ရောက်နေတဲ့နေရာကို အမြဲတမ်းသတိပေးခြင်းအားဖြင့် ကိုယ်ဘယ်လောက်အလုပ်လုပ်ခဲ့တယ်၊ လက်ရှိမှာလည်း အလုပ်လုပ်နေတယ်ဆိုတာ သတိရစေပါတယ်။ ဒါက လက်ရှိဘဝကို ကျေနပ်နေပျော်စေပါ တယ်။

၁၂။ စိတ်ခွန်အားမြှင့်တင်ပေးတဲ့စာပေတွေ နေ့တိုင်းဖတ်တယ်။

စာကောင်းပေမွန်တွေက လူတွေကို လက်တွေ့ဘဝမှာ ရှင်သန်စေပါတယ်။ စိတ်ခွန်အားတွေ ရရှိစေပါ တယ်။

သင်လက်ခံထားတဲ့ ပျော်ရွှင်မှုဆိုင်ရာအကြောင်းတရားလေးကိုလည်း ပြန်မျှဝေပေးခဲ့ပါဦးနော်။