အတုအယောင်သတင်းတွေက အသံပိုကျယ်နေပြီလား။

blank
home computing concept: man using a laptop to read fake news

Social Media တွေရဲ့ ပါဝါကြီးမားလာတဲ့ခေတ်မှာ ခေတ်စားနေတဲ့အကြောင်းအရာတွေရဲ့ သတင်းအမှားတွေကလည်း ရည်ရွယ်ချက်မျိုးစုံနဲ့ ပေါ်ထွက်လာပါတယ်။

တစ်ကမ္ဘာလုံးအတွက် အစိုးရိမ်ကြီးနေတဲ့ ဒီလိုအချိန်မျိုးမှာ သတင်းတိုင်းကို မယုံကြည်မိဖို့က သိပ်ကိုအရေးကြီးနေပါပြီ။

ဒီတော့ သတင်းတွေတက်လာတဲ့အခါ ဘယ်လိုမျိုးဆန်းစစ်လို့ရမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ သတင်းရဲ့အရင်းအမြစ်ကို ဆန်းစစ်ပါ။

သတင်းတစ်ခုကိုတွေ့ပြီဆို အရင်ဆုံး ဘယ်လိုအရင်းအမြစ်ကနေထွက်လာတာလဲ ဆန်းစစ်ပါ။ ယုံကြည်စိတ်ချရမှုမရှိတဲ့ Page တွေ Account တွေက တင်တဲ့ သတင်းတွေက အမှန်ဖြစ်နိုင်ပါ့မလား။တစ်ခါတလေ သတင်းတွေကို သယ်ဆောင်လာတာ ကိုယ့်သူငယ်ချင်းတွေလည်း ဖြစ်နိုင်တယ်၊ မိဘတွေလည်း ဖြစ်နိုင်တယ်၊ ဆရာသမားတွေလည်း ဖြစ်နိုင်ပါတယ်။ကိုယ်သိတဲ့သူဆိုပြီးလည်း မယုံကြည်ပါနဲ့ဦး။သူတို့ Share လာတဲ့ သတင်းရဲ့ အရင်းအမြစ်ကိုဆက်ပြီး ဆန်းစစ်ပါ။

၂။ ကိုယ့်စိတ်အခြေအနေကို ဆန်းစစ်ပါ။

ဒီလိုအချိန်မျိုးမှာ စိုးရိမ်မှုဆိုတာ ပုံမှန်ပဲဆိုတာကို သတိရပါ။ ဒါပေမဲ့ ဒါက ကူးစက်ရောဂါလိုပါပဲ။ ကိုယ်စိုးရိမ်တကြီးနဲ့ မဆင်ခြင်နိုင်ဘဲ တွေ့သမျှ Share နေမယ်ဆိုရင် ဒါဟာ တခြားသူတွေကိုပါ ကူးစက်နိုင်ပါတယ်။ စိုးရိမ်မှုလွန်ကဲခြင်းက ဆင်ခြင်ဉာဏ်ကိုပါ ချုပ်ထိန်းမှုအားနည်းစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ယုံကြည်မှုကို ဆန်းစစ်ပါ။

တစ်ခါတလေ ကိုယ်ကြည့်နေကျ သတင်းလိုင်းကလာတဲ့သတင်းတွေကို ကိုယ်မြင်နေကျ၊ ကိုယ်ကြည့်နေကျဆို အလွယ်တကူယုံကြည်လိုက်တတ်ကြပါတယ်။
ကိုယ်ကြည့်လိုက်ရတဲ့ သတင်းကို တခြားခိုင်လုံတဲ့ သတင်းချန်နယ်တစ်ခုကို ကြည့်ပြီး မှန်မမှန် တိုက်ဆိုင်ကြည့်ပါ။

သင့်အနေနဲ့ ဘယ်လိုသတင်းအမှားမျိုးမဆို တွေ့တဲ့အခါမှာ ဒီအတိုင်းလွှတ်မထားလိုက်ပါနဲ့။

  • Report ထုခဲ့ပါ။
  • ဒါဟာမှားနေကြောင်း Comment ပေးခဲ့ပါ။
  • ဒါမှမဟုတ် Screenshot ရိုက်ပြီး ဒီ Information က မှားနေကြောင်း တခြားသူများလည်း သိအောင်မျှဝေပေးပါ။

သင်ကော သတင်းအမှားတွေကို မျှဝေမိနေတုန်းလား။ အတုအယောင်သတင်းတွေက အသံပိုကျယ်နေပြီလား။