အမှောင်ပြီးသွားတိုင်း အလင်းရောက်လာမယ်ဆိုတာ ယုံကြည်ပါ။

blank

ကျွန်မတို့ရဲ့ ခံနိုင်ရည်စွမ်းအားတွေကို စမ်းသပ်နေတဲ့ Coronavirus ကာလမှာ မသေချာမရေရာမှုတွေ ခံစားနေရမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတတ်တာက သဘာဝပါ။

အဲ့ဒီအရာတွေကို ကျော်လွှားနိုင်ဖို့ ကျွန်မတို့ ပိုင်ဆိုင်ထားရတာတွေကို ကျေးဇူးတင်တတ်တဲ့ စိတ်လေးကို မွေးမြူပါ။

ကျွန်မတို့မှာ ကျွန်မတို့ကိုချစ်တဲ့ မိသားစုဝင်တွေ၊ ကိုယ်ကျိုးကို စွန့်ပြီး တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပိုင်ဆိုင်ထားရတယ်နော်။

တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ဒီအချိန်မှာ ကျွန်မတို့လုပ်ပေးနိုင်တာက လူသားအားလုံးကို ကြင်နာစွာပြောဆိုဆက်ဆံဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပေးဖို့ပါပဲ။

ဒီကပ်ဆိုးကြီးဆိုတာကလည်း အချိန်တန်ရင် ပြီးဆုံးသွားမယ့်အရာပဲ မဟုတ်ပါလား။

ဘယ်လောက်ပဲမှောင်နေမှောင်နေ အလင်းတန်းလေးကရောက်လာမှာပဲ မဟုတ်လား။