Qurantine ဝင်ဖို့ ခက်ခဲနေတာဘာကြောင့်လဲ။

COVID 19 ကို ကမ္ဘာအနှံ့က စိုးရွံ့နေရတဲ့အခြေအနေမျိုးတွေမှာ နိုင်ငံခြားကပြန်လာတဲ့ တချို့သော မြန်မာနိုင်ငံသားတွေအနေနဲ့ Quarantine ၁၄ ရက် နေရမှာကို ရှောင်ကြဉ်နေတာက ဘာကြောင့်လို့ထင်လဲ စာဖတ်ပရိသတ်ကြီးရေ..

မန္တလေးမှာ COVID19 ကူးစက်ခံထားရတဲ့ လူနာကို ကြေညာတဲ့အခါမှာ ဒီလူနာနဲ့ ထိတွေ့ပြောဆို ဆက်ဆံခဲ့တဲ့သူတိုင်းဟာ COVID 19 သံသယရှိခံရသူတွေဖြစ်လာခဲ့ပါတယ်။

ဒီသတင်းကို မြင်တဲ့အခါမှာ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ မီနီအိုးဝေယာဉ်မောင်းဟာဆိုရင် လူနာကို ပို့ဆောင်ပေးခဲ့တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ်သံသယရှိတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး Quarantine 14 ရက်ဝင်ခဲ့ပါတယ်။

သူဟာ စီးပွားရေးပြေနေတာမျိုးမဟုတ်တဲ့အပြင် အရစ်ကျဝယ်ထားတဲ့ မီနီအိုးဝေကလည်း ငွေပေးချေနေရသေးတဲ့အတွက် ၁၄ ရက် အလုပ်မလုပ်ရတဲ့အခါ သူ့အတွက် အရမ်းခက်ခဲခဲ့ပေမယ့် သက်ဆိုင်ရာကို ဆက်သွယ်ခဲ့တာကြောင့် စေတနာထက်သန်တဲ့ ပြည်သူတွေက တာဝန်သိယာဉ်မောင်းကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တခြားသူတွေရော ဘာကြောင့်များသူ့လို Quarantine မဝင်ကြတာလဲ။ ဝိုင်းဝန်းဆန်းစစ်အဖြေရှာကြည့်ရအောင်လေ။

လူတိုင်းမှာ အဆင်မပြေတဲ့ အကြောင်းအရာတွေ ရှိနေပေမယ့် မိမိ မိသားစုအပါအဝင် အခြား‌သောသူတွေကို ရောဂါမကူးစက်ရလေအောင် ကိုယ်တိုင်က တာဝန်ကိုသိပြီး တာဝန်ယူတတ်ဖို့ အရမ်းကို အရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ။

ဒီတော့ သမိုင်းမှာ တရားခံက ကိုယ်မဖြစ်ပါစေနဲ့။