ကိုရိုနာဗိုင်းရပ်စ်ဟာ အချစ်ရေးတွေတိုက်ဖျက်ချစားစေနိုင်မလား။

blank
Portrait of man and woman with surgical mask in studio, social distancing concept

လူလူချင်း သုံးပေအကွာမှာနေရမယ်။

အတတ်နိုင်ဆုံးအိမ်ထဲမှာ နေရမယ်။

လက်ခဏခဏဆေးရမယ်တဲ့။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် လိုက်နာရတဲ့ စည်းကမ်းချက်တွေထဲမှာ social distancing က ထိပ်ဆုံးက ပါနေတဲ့အချိန်မှာ အချစ်ရေးမှာကော အဟန့်အတားတွေဖြစ်နိုင်မယ်လို့ ထင်လား။ ခန့်မှန်းလို့မရနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီကာလဟာ အချစ်ရေးတွေအတွက်လည်း စိန်ခေါ်မှုတွေပြည့်နေတဲ့ ကာလဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
ကိုရိုနာကြောင့် အချစ်ရေးမှာ တိုက်ဖျက်မယ့် ချလေးတွေကို တိုက်ဖျက်ဖို့အတွက် ကျွမ်းကျင်သူတွေပေးထားတဲ့ အကြံပြုချက်လေးတွေကို ဂန္ထဝင်စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၁။ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုပါ။

၂။ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ဝေဖန်မယ့်အစား အပြုသဘောနဲ့တည့်မတ်ပေးပါ။

၃။ လက်ရှိအခြေအနေကြောင့်ဖြစ်နေတဲ့ တုန်လှုပ်မှုတွေကို လျော့ချပေးနိုင်ဖို့ ကူညီပေးပါ။

၎။ ဖုန်းဆက်ဖို့၊ message မှန်မှန်ပို့ဖို့ သတိရပါ။

၅။ ချစ်သူရဲ့စကားလေးတွေကို နားထောင်ပေးပါ။ စာနာနားလည်ပေးပါ။

၆။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ချစ်သူရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

၇။ အဆင်မပြေမှုတွေကို အတူတူကျော်လွှားပါ။

၈။ “ဒီကာလကိုကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်ပြီးရင်”ဆိုတဲ့ အကြောင်းအရာနဲ့ အနာဂတ်ကို ပုံဖော်ထားပါ။

၉။ သတင်းအမှားတွေ၊ သတင်းဆိုးတွေကို ချစ်သူကိုဝေမျှခြင်းရှောင်ကြဉ်ပါ။

သင်ကော…ဒီကပ်ဆိုးကြီးကြောင့် အချစ်ရေးမှာ အဖုအထစ်တွေမဖြစ်အောင် ဘာတွေလုပ်နေလဲ။ မျှဝေပေးပါဦးနော်။