ကိုရိုနာရောဂါဖြစ်ပွားနေတဲ့ ဒီကာလမှာ……
တစ်ယောက်နဲ့တစ်ယောက်ဖုန်းဆက်ပြီး သတိရကြောင်းပြောမယ်။
Video call ခေါ်ပြီး ဂရုစိုက်မှုတွေကို ပြသမယ်။
Message တွေပို့မယ်။ စာတွေပို့မယ်။
မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ဝေမျှပြီး ဂရုစိုက်ဖို့ သတိပေးမယ်။
ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေခြင်းဟာ ကျွန်မတို့ရဲ့ နှလုံးသားတွေကို ဝေးကွာအောင်လုပ်လို့မရနိုင်ပါဘူး။
လက်ခဏခဏဆေးခြင်းဟာ ကျွန်မတို့ရဲ့ ကြင်နာခြင်းတွေကို လျော့ပါးမသွားစေပါဘူး။
ဒီကပ်ဆိုးဟာ ကျွန်မတို့ရဲ့ ခံနိုင်ရည်စွမ်းအားကို၊ မေတ္တာတရားတွေကို စမ်းသပ်တဲ့ကာလတစ်ခုပါ။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက်အားပေးစကားလေးတွေနဲ့
ချစ်ခင်ကြင်နာမှုတွေနဲ့
ရိုင်းပင်းကူညီမှုတွေနဲ့ ဒီကပ်ဆိုးကို ကျော်ဖြတ်နိုင်ပါတယ်နော်။
တောင့်ခံထားပါနော်။
လေ့ကျင့်ခန်းလေးတွေလုပ်ပါ။
ပြုံးပါ။
သက်ဆိုင်ရာဘာသာရေး အဆုံးအမလေးတွေကို သတိရရင်း အကောင်းမြင်စိတ်လေးတွေ မွေးပါ။
ဒီကာလကျော်လွန်ပြီးသွားတဲ့နောက်မှာ ကျွန်မတို့သိမ်းထားတဲ့ ဖက်လှဲတကင်းနေထိုင်မှုတွေ၊ အနမ်းဖွဖွလေးတွေကို ထုတ်သုံးဖို့ ပြန်ဆုံကြမယ်နော်။