သင်သတိမထားမိတဲ့ Virus ပြန့်ပွားနေမှုတွေ။

blank

ကမ္ဘာအနှံ့ ကပ်ရောဂါဆိုး ပြန့်ပွားချိန်မှာ ကာကွယ်ဖို့ နည်းလမ်းတွေကို ဖြန့်ဝေနေပေမယ့် ကိုယ်တိုင်တောင်သတိမပြုမိတဲ့ ကိစ္စရပ်သေးသေးလေးတွေကို မေ့နေတတ်ကြပါတယ်။ ကိုရိုနာကိုကာကွယ်ဖို့ လက်ခဏခဏဆေးရမယ်ဆိုတာသိပေမယ့် အပြင်သွားမှ လက်ဆေးဖို့လိုတယ်ထင်နေကြတယ်။

အိမ်မှာနေပေမယ့် Delivery လာပို့တဲ့ ပစ္စည်းတွေ၊ ရေသန့်ဘူးတွေ၊ မုန့်တွေကို လက်ခံတဲ့အခါမှာကျတော့ လက်ဆေးဖို့မေ့နေတတ်ပါတယ်။ နေရာအစုံကို သွားလာပြီးမှ ကိုယ့်ဆီကို ရောက်လာတာဖြစ်တဲ့အတွက် ပစ္စည်းတွေဆိုရင် ဆေးဖျန်းသန့်စင်ပြီးမှ လက်ဆေးပြီး ကိုင်ဖို့လိုပါတယ်၊ ရေသန့်ဘူးဆိုရင်လည်း အိမ်အပြင်မှာ အရင်ဆေးဖျန်း၊ သန့်ရှင်းရေးလုပ်ပြီးမှ လက်ဆေးပြီး အိမ်ထဲသွင်းသင့်ပါတယ်။ မုန့်တွေ၊ အစားအစာတွေဆိုရင်လည်း ယူပြီး တန်းဖွင့်စားလိုက်တာထက် ဘူးဖွင့်ပြီးတာနဲ့ လက်ဆေးပြီးမှ မုန့်ကို တခြားသန့်ရှင်းတဲ့ ပန်းကန်ထဲပြောင်းထည့်ထားဖို့ လိုပါတယ်။
နောက်တစ်ခုက လူတကာသုံးနေတဲ့ ငွေကြေးပါ။

ဈေးဆိုင်၊ ဆေးဆိုင်၊ မုန့်ဆိုင်တွေကအစ Delivery အဆုံး ငွေကြေးကို ကိုင်သုံးတဲ့အခါမှာ စက္ကူသားဖြစ်နေတဲ့အခါမှာ ရောဂါပိုးကပ်ပါလာနိုင်ချေ အများကြီးရှိပါတယ်။
ဒါထက်ဆိုးတာကတော့ လူတိုင်းလိုလိုကိုင်ဆောင်နေကြတဲ့ Mobile Phone တွေပါ။
ဘာပဲကိုင်ပြီးပြီး လက်မဆေးရသေးခင် ကိုင်မိကြတာ ဖုန်းပါ။

တော်တော်များများက ဒါကို သတိမထားမိတော့ ဘယ်လောက်ပဲ လက်ဆေးပါစေ၊ ဖုန်းကိုတော့ သန့်ရှင်းရေးမလုပ်မိတဲ့အတွက် လက်မဆေးတာနဲ့ ဘာမှမကွာတော့ပါဘူး။
ဒီလို သတိမထားမိတဲ့ သေးသေးလေးတွေကနေ ရောဂါကူးစက်နိုင်တာကြောင့် အသေးစိတ်လေးတွေကအစ သတိထားနိုင်စေဖို့ ဂန္ထဝင်ကနေတိုက်တွန်းပါရစေနော်။
သင့်အမြင်လေးကိုလည်း ဝေမျှပေးပါဦးနော်။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။