COVID-19 ကြောင့် အိမ်ထောင်ဦးစီးတွေပဲ ဈေးဝယ်ထွက်ခွင့်ရတော့မယ်ဆိုရင်…

blank

စာချစ်သူတို့ရေ…

COVID-19 ကူးစက်ပျံ့နှံ့လာမှုနောက်မှာ ကမ္ဘာမှာလည်း မျှော်လင့်မထားတဲ့ ရိုက်ခတ်မှုတွေ ရှိလာခဲ့ တာ အမှန်ပါပဲ။ အခုဆိုရင် မလေးရှားအစိုးရက အိမ်တစ်အိမ်အတွက် အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ဈေးဝယ် ထွက်ခွင့်ကို အမိန့်ချမှတ်လိုက်ပါပြီ။ သူတို့ကျွမ်းကျင်တဲ့အလုပ်မဟုတ်တာကြောင့် ဒါဟာ အမျိုးသားအများစု အတွက်တော့ စိန်ခေါ်မှုအကြီးကြီးပါပဲ။

အမျိုးသားတစ်ယောက်က “ ဘယ်ဟာက မုန်ညင်းစိမ်းလဲ။ ဘယ်တစ်ခုက ဟင်းနုနွယ်လဲ၊ ဘယ်ဟာက Pak-Choi လဲဆိုတာ စဉ်းစားရတာ ခေါင်းတောင်မူးတယ်ဗျာ ” လို့ သူ့အတွေ့အကြုံကို မျှဝေပါတယ်။

နောက်တစ်ဦးကတော့ “ ဂေါ်ဖီထုပ်တွေကိုက အမျိုးအစားတွေအများကြီးပဲဗျ။ ရှည်တဲ့တစ်ခု၊ လုံးတဲ့ တစ်ခု၊ တိုတဲ့တစ်ခု ဘာတွေမှန်းကို မသိတော့ဘူး” လို့ ဆိုပါတယ်။

အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ လူသိအများဆုံးပို့စ်တစ်ခုလည်း ရှိပါသေး တယ်။ အဲ့ဒီပို့စ်မှာတော့ အမျိုးသားများအနေနဲ့ ဈေးဝယ်မသွားခင်မှာ ဖုန်းအားအပြည့်သွင်းသွားပြီး၊ ဈေးဝယ်တဲ့ အခါ အိမ်ကဇနီးသည်နဲ့ဖုန်းဆက်တိုင်ပင်ဖို့ အကြံပြုထားပါတယ်။ “ဒါပေမဲ့ စပီကာတော့ မဖွင့်မိစေနဲ့ပေါ့ ” လို့ လည်း သတိပေးထားပါသေးတယ်။

ဘာကြောင့်လဲဆိုတော့ မိန်းမနဲ့ဖုန်းစပီကာဖွင့်ပြောရင်း ဈေးဝယ်နေတဲ့ ယောက်ျားတစ်ယောက်က မကောင်းတဲ့မုန်လာဥနီမှားဝယ်မိလို့ ဖုန်းထဲကနေ လှမ်းဆူတာခံလိုက်ရလို့ပါ။

COVID-19 ကို လက်တွေ့ကြုံနေရပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာကော မလေးရှားလိုစနစ်မျိုး ကျင့်သုံးဖို့ ကြုံလာခဲ့မယ်ဆိုရင် မြန်မာအမျိုးသားတွေအနေနဲ့ အဆင်ပြေနိုင်မယ်ထင်လား။

သင့်အမြင်လေးကို comment မှာ မျှဝေခဲ့ပါဦးနော်။