အိမ်ကနေအလုပ်လုပ်တဲ့အခါ…
အလုပ်လုပ်နိုင်စွမ်းပိုရှိတယ်။
အကုန်အကျသက်သာတယ်။
မိသားစုနဲ့ နီးနီးကပ်ကပ်နေနိုင်တယ်။ စတဲ့ အကျိုးကျေးဇူးလေးတွေရှိပါတယ်။
ဒါပေမဲ့ အိမ်ကနေ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်နိုင်ဖို့ဆိုတာကတော့ လူအများစုအတွက် စိန်ခေါ်မှုတစ်ခုပါ။ အဲ့ဒီစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းလေးတွေ လိုအပ်ပါတယ်။ အိမ်ကနေ အလုပ်လုပ်တော့မယ်ဆိုရင်….
၁။ အာရုံစူးစိုက်မှုကို လျော့စေတာကြောင့် ပြီးစလွယ် အဝတ်အစားနဲ့ အလုပ်မလုပ်ပါနဲ့ ။
၂။ အလုပ်လုပ်ချိန် သေချာကို သတ်မှတ်ပါ။ အဆင်ပြေတဲ့အချိန် အလုပ်လုပ်မယ်မတွေးပါနဲ့ ။
၃။ အလုပ်ချိန်အတွင်း စိတ်အားထက်သန်စွာလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါ။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
၎။ အလုပ်လုပ်ချိန်အတွင်း လိုက်နာရမယ့် ကိုယ်ပိုင်စည်းကမ်းလေးတွေ သတ်မှတ်ပါ။ ဥပမာ- အိမ်ကလူတွေ စကားပြောကြတာမှာ ပါမသွားတာမျိုး၊ အိမ်မှုကိစ္စတွေကို ဝင်လုပ်တာမျိုးတွေ မလုပ်ပါနဲ့။
၅။ Messages တွေ ဖုန်း callတွေကို မဆိုင်းမတွတုံ့ပြန်ပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆက်အသွယ်မပြတ်ပါစေနဲ့။
၆။ နည်းပညာနဲ့ ကွန်ပျူတာအသုံးပြုမှုကို ပိုင်နိုင်အောင်ပြုလုပ်ပါ။ ဆိုပြီးအလုပ်လုပ်နေရင်း ဂိမ်းဆော့တာ၊ ရုပ်ရှင်ဗီဒီယိုတွေကြည့်တာ မလုပ်မိပါစေနဲ့။
၇။ မိနစ်သုံးဆယ်တစ်ခါ ခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်ပါ။ ရေဓာတ် မခမ်းခြောက်အောင်နေပါ။
သင်ကော…အိမ်ကနေ အလုပ်လုပ်တဲ့အခါ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုလေးတွေ တွေ့ရလဲ။ မျှဝေပေးခဲ့ပါဦး။