အကြောက်တရားကြောင့် ပိုကောင်းသွားတာမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်ရင် အကောင်းဆုံးပြင်ဆင်ပါ။

blank
Full-length picture of concentrated woman in casual clothes meditating with closed eyes while sitting in lotus pose on the floor isolated over white wall

တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ COVID-19 ကာလမှာ ကိုယ့်ကိုယ်ကိုယ်အတွက်ကော၊ ကိုယ်ချစ်တဲ့ သူတွေအတွက်ပါ စိတ်ပူမိကြမှာ အမှန်ပါပဲ။ တစ်ခုခုဖြစ်လာခဲ့ရင်ဆိုပြီး လိုအပ်တဲ့ပြင်ဆင်မှုလေးတွေ ပြုလုပ် ထားကြတာလည်း လုပ်သင့်တဲ့အရာပါ။ ဒါပေမဲ့ အကြောက်မလွန်ပါနဲ့။ ကြောက်စိတ်နဲ့ပြုလုပ်လိုက်လို့ ပိုကောင်း သွားတဲ့အရာဆိုတာ မရှိပါဘူး။ သတိနဲ့ပြုလုပ်လိုက်လို့ ပိုအဆင်ပြေသွားတဲ့အရာပဲရှိပါတယ်။

ဒါကြောင့်…

– စိတ်အေးအေးထားပါ။ ကိုယ့်ကိုယ်ကိုယ်အတွက်၊ ကိုယ်ချစ်တဲ့သူတွေအတွက် စိတ်အေးအေးထား ပါ။

– လက်ရှိကာလကို အန္တရာယ်ကင်းကင်းရင်ဆိုင်ကျော်ဖြတ်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ပါ။ အိမ်မှာနေပါ။ စိတ်အပန်းပြေစေမယ့် အရာလေးတွေ ပြုလုပ်ပါ။

– ကျန်းမာရေးနဲ့ညီညွှတ်အောင် နေထိုင်စားသောက်ပါ။

– စိတ်ဓာတ်ခွန်အားရရှိစေမယ့် စာအုပ်လေးတွေဖတ်ပါ။

– အားကစားလုပ်ပါ။

– ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို အမြဲစောင့် ကြည့်ပါ။ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပါ။

အခက်အခဲဆိုတာ ကိုယ်ဘယ်လောက်ကြံ့ခိုင်လဲ၊ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်ချစ်လဲ၊ ဘယ်လို ဂရုစိုက်လဲဆိုတာကို စမ်းသပ်တဲ့အရာဖြစ်တာကြောင့် ကျန်းကျန်းမာမာနဲ့အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ် ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ချစ်ကြောင်း သက်သေပြလိုက်ရအောင်နော်။
သင်ကော ဘယ်လိုပြင်ဆင်မှုလေးတွေနဲ့ COVID-19 ကာလကို ကျော်ဖြတ်ဖြစ်နေလဲ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
#SelfLove