ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ပျံ့နှံ့နေချိန်အတွင်း မတုန်လှုပ်ပါနဲ့။

blank

ကမ္ဘာ့နိုင်ငံအသီးသီးဆီ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို သတိထားစောင့်ကြည့်ကာ ကွယ်ဖို့ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါဟာ ကြိုတင်တွေးတောပူပန်တုန်လှုပ်နေဖို့ မဟုတ်ပါ ဘူး။ တုန်လှုပ်စိတ်ဟာ ပြဿနာတစ်ခုကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း မဟုတ်ပါဘူး။ အကောင်းဆုံးရင်ဆိုင်ဖို့ နည်းလမ်းက ၂ ခုပဲရှိပါတယ်။

၁။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

ဖြစ်လာနိုင်ခြေရှိတဲ့ ကူးစက်ရောဂါအကြောင်း တွေးတောပူပန်တုန်လှုပ်နေခြင်းက စိတ်ဖိစီးမှုကို တိုးစေ ပါတယ်။ စိတ်ဖိစီးမှုများရင် ကိုယ်ခံအားစနစ်ကျဆင်းစေတဲ့အတွက် ကူးစက်ရောဂါဝင်ရောက်ဖို့ ပိုအခွင့်သာစေ ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့ကျအောင် များများရယ်မောပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ဘုရားရှိခိုး ပါ။ တရားထိုင်ပါ။ သီချင်းနားထောင်ပါ။ လက်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ စိတ်ချမ်းသာအောင် နေပါ။ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အရေးပေါ်သတိပေးချက်တွေကို လိုက်နာပါ။ အကောင်းမြင်စိတ်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၂။ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေစားပါ။

သဘာဝအတိုင်း ကိုယ်ခံအားမြှင့်တင်ပေးနိုင်တဲ့အစားအစာတွေ အများကြီးရှိပါတယ်။ ကြက်သွန်နီ၊ မှို၊ ကြက်သွန်ဖြူစားပါ။ ပြီးတော့ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ ဘယ်ရီသီး၊ ငရုတ်သီး၊ အစိမ်းရင့်ရင့်အသီးအ ရွက်များ၊ ဗီတာမင် ဒီ ကြွယ်ဝတဲ့ ငါးကြီးဆီ၊ ဥအမျိုးမျိုး၊ တူနာငါး၊ ဇင့်ဓာတ်ကြွယ်ဝတဲ့ ကမာ၊ အမဲသား၊ သိုးက လေးသား၊ ဟင်းနုနယ်ရွက်၊ ကညွှတ်၊ နှမ်းနဲ့ ဖရုံစေ့၊ ဆီလီနီယမ်ဓာတ်ကြွယ်ဝတဲ့ အခွံမာသီးများ၊ အစေ့အဆန် များကို စားသုံးပေးပါ။ ဒါ့အပြင် ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ လူတိုင်းဟာ ဗီတာမင် ဒီပါဝင်တဲ့ အားဆေးနဲ့ ငါးကြီးဆီတွေကို မှီဝဲပေးသင့်ပါတယ်။

စာစောင်လေးကို တခြားသူတွေအတွက်ပါ SHARE ပေးလိုက်ပါဦးနော်။