ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်ကာပူမယိုင်လဲအောင် ဘယ်လိုပြင်ဆင်ခဲ့ကြတာလဲ။

blank

စင်္ကာပူနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု case ပေါင်းတစ်ရာကျော်ရှိပါပြီ။ နိုင်ငံတကာ စီးပွားရေးတွေရဲ့ ဆုံစည်းရာ အချက်အချာ နိုင်ငံတစ်နိုင်ငံဖြစ်တာတောင် သူဟာရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို လျှော့ချနိုင်နေပါတယ်။ စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မယိုင်လဲခဲ့အောင် အသုံးပြုခဲ့တဲ့ စီမံခန့်ခွဲမှုစနစ် (၃) ကို ဂန္ထဝင်စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ COVID19 မပြန့်ပွားစေဖို့ စည်းကမ်းကြပ်ကြပ်မတ်မတ်ထားရှိပါတယ်။

ကူးစက်ခံနေရတဲ့မြို့တွေ၊ နိုင်ငံတွေကနေ ပြန်လာတဲ့ နိုင်ငံသားတွေကို သီးသန့်ထားပြီး (quarantined) ထားစေတယ်။ ကိုယ်သွားခဲ့တဲ့နေရာတွေနဲ့ပတ်သက်ပြီး သတင်းအမှားပေးတဲ့သူကို အပြင်းအထန်ဒဏ်ခတ်ပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းကို ဘယ်လိုတောင် ထိန်းကွပ်ကြပ်မတ်သလဲဆိုရင် လူတစ်ယောက်ကို စင်္ကာပူနိုင်ငံ ပြည်ပြန်ဝင်ခွင့်တောင် ပိတ်ခဲ့တဲ့အထိပါပဲ။

၂။ နိုင်ငံသားတာဝန်ကို အလေးအနက်ထားရင်း အများအကျိုးကို ရှေ့တန်းတင် အကောင်အထည်ဖော်တာကို တွေ့ရပါတယ်။

စောင့်ကြပ်ခံရတဲ့ကာလ (quarantine time) တွေမှာ အစိုးရကချမှတ်ထားတဲ့ စည်းကမ်းတွေကို လက်ခံပြီး ကောင်းစွာ လိုက်နာကြပါတယ်။ COIVD19 ဖြစ်နေသူကနေ ထိတွေ့ခဲ့တဲ့သူတွေကို ရှာဖွေကုစားသွားဖို့ contact tracing application ကို ဖန်တီးပြီး ပြည်သူတွေကို အသုံးပြုစေခဲ့ပါတယ်။ ခြေအနေအရပ်ရပ်ကို သူတို့ရဲ့ရောက်နေတဲ့နေရာကနေ အွန်လိုင်းစနစ်နဲ့ အုပ်ချုပ်သူထံသတင်းပို့ခိုင်းစေပါတယ်။ ဒီလုပ်ရပ်ကြောင့် ပျံ့ပွားမှုနှုန်းကို တော်တော်လေး ထိန်းချုပ်လိုက်နိုင်တယ်ဆိုတာကို သိရပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
၃။ စင်္ကာပူမှာ ကမ္ဘာ့အဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေရှိပါတယ်။
အဲ့ဒီစနစ်တွေအရ ကူးစက်ခံရတဲ့သူတွေကို စမ်းသပ်စစ်ဆေးထားတဲ့အဖြေတွေကို လက်တွေ့အသုံးချပြီး နောက်ထပ်ပျံ့ပွားမှုတွေ မဖြစ်အောင် ကူညီပေးနိုင်ခဲ့တယ်။ ၂ဝဝ၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် စင်္ကာပူမှာလူပေါင်း ၃၃ ယောက်သေဆုံးခဲ့ပါတယ်။ SARS ဖြစ်ပြီးပြီးချင်း နိုင်ငံအတွင်းမှာ နောက်ထပ်ကပ်ရောဂါဖြစ်လာခဲ့သည်ရှိသော် လူသေဆုံးမှ မရှိစေဖို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အဲ့ဒီကတည်းက စနစ်တွေကို အကွက်ကျကျစီစဉ်ထားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို တန်ပြန်တိုက်ခိုက်ဖို့ စင်္ကာပူသုံးခဲ့တဲ့နည်းလမ်းလေးတွေအပေါ် သင့်အမြင်လေးကို ဝေမျှပေးပါဦးနော်။