Coronavirus ရောဂါ လက္ခဏာရပ်တွေကို အမိဖမ်းနိုင်စေဖို့

Coronavirus ရောဂါပိုးဟာ အဆုတ်ကို ရောဂါပိုးဝင်ရောက်ပြီး ဆိုးကျိုးသက်ရောက်စေတဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ပြီဆိုရင် အဖျားနဲ့ ချောင်းခြောက်အနည်းဆိုးပြီး၊ စတင်ရာကနေ အသက်ရှူခက်ခဲလာတဲ့ လက္ခဏာရပ်တွေကို ပြသတတ်ပါတယ်။
ချောင်းတစ်ခါဆိုးတိုင်း တစ်နာရီနီးပါးလောက်ကြာနေတတ်ပြီး အဲ့ဒီလိုဆိုးတာက ၂၄ နာရီအတွင်းမှာ သုံးခါထက်ပိုနေပြီဆိုရင် Coronavirus ကူးစက်ခံနေရပြီဆိုတဲ့ လက္ခဏာဖြစ်တာကြောင့် အဲ့ဒီလို လက္ခဏာတွေ ကြုံတွေ့နေရပြီဆိုရင် ချက်ခြင်း စစ်ဆေးကုသမှုခံယူပေးပါနော်။

ရောဂါကူးစက်ခံရတဲ့သူတွေအနေနဲ့ ရောဂါလက္ခဏာတွေကို (၅) ရက်အတွင်းပြသတတ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပေမယ့်လည်း အဲ့ဒီထက်ပိုပြီး နောက်ကျမှ ရောဂါလက္ခဏာပြတဲ့သူတွေလည်းရှိပါတယ်။ WHO ကတော့ ရောဂါပျိုးချိန်ဟာ (၁၄) ရက်ခန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကူးစက်ခံရသူမှာ ရောဂါလက္ခဏာတွေ မပေါ်ပေါက်သေးခင် နောက်တစ်ယောက်ဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

Coronavirus ရောဂါလက္ခဏာရပ်တွေဟာ ရာသီအကူးအပြောင်းမှာ ကြုံတွေ့ရနိုင်တဲ့ အအေးမိခြင်း၊ နှာစေးခြင်း၊ တုပ်ကွေးဖျားနာခြင်းတို့နဲ့ မှားတတ်တာကြောင့် ဆင်ဆင်ခြင်ခြင် ခွဲခြားသိမြင်နိုင်ဖို့ လိုအပ်ပါတယ်။